1. Home
  2. Special or Others

သစ္စာမရှိတဲ့ချစ်သူကြောင့် ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့အဆုံးစီရင်မှု ဖေ့စ်ဘုတ်ပေါ်မှ တိုက်ရိုက်ရုပ်သံထုတ်လွှင့်

Special or Others ต.ค. 13, 2559 view 1,654
အသက် ၂၂ နှစ်အရွယ် တူရကီအမျိုးသားတစ်ဦး သူ၏ချစ်သူက သူ့အပေါ်သစ္စာမရှိခဲ့ကြောင်း သိရှိခဲ့ရပြီးတဲ့နောက် လမ်းခွဲပြတ်စဲခဲ့သည်။ အဲသည်နောက် အသည်းကွဲတဲ့ ဝေဒနာကို မခံစားနိုင်တော့တဲ့အဆုံး သူ့ကိုယ်သူ သေနတ်ဖြင့် ရင်ဝကိုတေ့ကာ အဆုံးစီရင်ခဲ့သည်။ 
 
ထိုကဲ့သို့ မိမိကိုယ်ကိုယ် သတ်သေတော့မည့်အကြောင်းကို လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် ကြေငြာခဲ့ပြီး Live Video ရိုက်ကာ သတ်သေပြခဲ့ခြင်းဖြစ်သည်။ သူ့ကိုယ်သူ အဆုံးမစီရင်မီ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော လူပေါင်း ၅၄၃,၀၀ က မလုပ်ရန် ဝိုင်းဝန်းတားမြစ်ခဲ့ကြပြီး မှတ်ချက်ပေါင်း ၁၄၀,၀၀၀ ဝင်ရောက်ရေးသားခဲ့ကြသည်။
 
အဆိုပါ ဗီဒီယိုမှာ ၄ မိနစ်ကျော်ကြာခဲ့သော်လည်း သေနတ်နဲ့ပစ်ခဲ့ပြီးနောက် အနက်ရောင် စကရင်အမည်းသာ ပေါ်နေခဲ့သည်။ သေနတ်သံကြား၍ သူ၏ဆွေမျိုးများရောက်ရှိလာကာ ဆေးရုံသိုတင်ပို့ခဲ့သော်လည်း ၁၂ နာရီခန့် ဝေဒနာခံစားခဲ့ရပြီးနောက် သေဆုံးသွားခဲ့သည်။
 
အဆိုပါအဖြစ်အပျက်က အောက်တိုဘာလ ၁၀ ရက်နေ့က ဖြစ်ပျက်ခဲ့ပြီး သူ့ကိုယ်သူ အဆုံးမစီရင်မီ တစ်နာရီခန့်အလိုက သူ၏ ဖေ့စ်ဘုတ်တွင် ဖော်ပြပါ ကဗျာလေးကို တင်ထားခဲ့သည်။
 
 

 



Follow us on