၉၆ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့အခမ်းအနားနှင့် ၅၃ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အဖမ်းအနားကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ခန်းမဆောင်တွင် အောက်တိုဘာ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အသက် ၇၅ နှစ်အထက်ရှိသော သက်ကြီးရုပ်ရှင်အနုပညာရှင် ၁၅၃ ဦးကို တစ်ဦးလျှင် ငွေကျပ် ၂ သိန်းနှင့် လှူဖွယ်ပစ္စည်းများကို ပူဇော်ကန်တော့ခဲ့ကြပြီး၊ ကျန်းမာရေးမကောင်း၍ ပူဇော်ပွဲသို့ မတက်ရောက်နိုင်သည် သက်ကြီးအနုပညာရှင်များအတွက် အိမ်ကိုသွားရောက် ပူဇော်ရန် စီစဉ်ထားကြောင်းဟု သိရှိရသည်။
သက်ကြီးပူဇော်ပွဲတွင် ရုပ်ရှင်အစည်းရုံး နာယကဖြစ်သူ (ဦး)ဘိုကလေးတင့်အောင်က ရုပ်ရှင်လောကသားများအနေဖြင့် စည်းစည်းရုံးရုံးနှင့် ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ကြောင်း မြန်မာ့ရုပ်ရှင် လောကအနေဖြင့် ပိုမိုတိုးတက်အောင် ကြိုးစားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မကြာမီပေါ်ထွန်းလာမည့် ရုပ်ရှင် အက်ဥပဒေများကို လေးစားလိုက်နာဖို့လိုအပ်ကြောင်း သြဝါဒပေးသွားခဲ့သည်။အဆိုပါပူဇော်ပွဲသို့ ရုပ်ရှင်လောက အလွှာအသီးသီးမှ အသင်းသား ၁၀၀ ခန့်တက်ရောက် ပူဇော်လှုဒါန်းကန်တော့ကြကြောင်း သတင်းရရှိသည်။
Source:သဒ္ဒါထက်အိုင်(လှည်းတန်း)
Photo:ရွှေဖီး