1. Home
  2. Movie Stars - Celebrity

အမျိုးသမီးအဆိုတော်လေးဦး နှင့် သံစုံတီးဝိုင်းနဲ့ ဖျော်ဖြေပွဲ

Movie Stars - Celebrity ต.ค. 14, 2559 view 1,602

နာမည်ကြီး အမျိုးသမီးအဆိုတော်လေးဦး နဲ့ အတူ Orchesta တီးဝိုင်းကြီးရဲ့ ဖျော်ဖြေပွဲကို နိုဝင်ဘာ ၄ ရက်တွင် အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်မှာဖြစ်ပါတယ်။ ဖျော်ဖြေပွဲတွင် မေခ လာ၊ ထွန်းအိန္ဒြာဗို၊ ဖြူဖြူကျော် သိန်းနှင့် ချမ်းချမ်းတို့က ပါဝင် မည်ဖြစ်ပြီး The Queens ဟုအမည်ပေးထားသည့်အတိုင်း လိုက်ဖက်သည့် တင်ဆက်မှုများ ဖြင့် ပါဝင်မည်ဟု မေခလာက ပြောသွားခဲ့ပါတယ်။

‘‘The Queens ဆိုတဲ့အတိုင်းခေတ်တစ်ခေတ်မှာ အောင်မြင်ခဲ့ တဲ့ အမျိုးသမီးအဆိုတော်တွေကို ရွေးတယ်။ သူ့ခေတ်နဲ့သူလည်း အောင်မြင်ခဲ့တယ်။ ဒီနေ့ထက်ထိ လည်း အောင်မြင်နေတဲ့ အဆို တော်တွေကိုရွေးပြီး Orchesta နဲ့ ပုံစံမတူတဲ့ ပုံစံမျိုး။ သူတို့သီချင်း တွေ တီးလုံးပိုင်းတွေ စီစဉ်ခဲ့တာ ပါ’’ဟု ဖျော်ဖြေပွဲပြုလုပ်ခဲ့ သည့်အကြောင်းကို ရှင်းပြထားကြပါတယ်။

‘‘အဝတ်အစားကတော့ မိန်း ကလေးတွေ ဘယ်လိုဝတ်မလဲဆို တာ ပရိသတ်တွေ စိတ်ဝင်စား မယ်ထင်တယ်။ ဘယ်လိုဆိုမလဲ ဆိုတာလည်း ပရိသတ်တွေက စိတ်ဝင်စားမယ်ထင်တယ်။ ဘာ ကြောင့်လဲဆိုတော့ ဒီလိုပွဲက တစ် ခါမှ မကြုံဖူးဘူးလေ။ လွန်ခဲ့သော တစ်နှစ်က လုပ်တဲ့ မိန်းကလေး လေးယောက်ပါတဲ့ Musical Show ကတော့ တစ်မျိုးပေါ့။ အခု ကတော့ Orchesta နဲ့ဆိုတော့ ပါဖောမန့်တောင် လုပ်ရမယ် မထင်ပါဘူး’’ဟု မေခလာက ပြောသွားခဲ့ပါတယ်။

ဖျော်ဖြေပွဲတွင် တစ်ဦး ချင်းဖျော်ဖြေတင်ဆက်မှုများအ ပါအဝင် နှစ်ယောက်တွဲနှင့် လေး ယောက်တွဲ၍ ဖျော်ဖြေမှုများ ပါဝင်မည်ဖြစ်ပြီး တစ်ဦးလျှင် သီချင်းဆယ်ပုဒ်ခန့် သီဆိုသွားမှာလဲ ဖြစ်ပါတယ်။ ဖျော်ဖြေပွဲတွင် အမျိုး သမီးအဆိုတော်များနှင့်အတူ ယဉ်ကျေးမှုတက္ကသိုလ်မှ ဂီတ ကဗျာ Orchesta အဖွဲ့က ပါဝင် သွားမှာလဲ ဖြစ်ပါတယ်။

လက်မှတ်များကို ကျပ်တစ် သောင်း၊ နှစ်သောင်း၊ သုံးသောင်း၊လေးသောင်းနှင့် ငါးသောင်းသတ် မှတ်ထားတယ်လို့လဲ သိရပါတယ်။

Credit:7day



Follow us on