1. Home
  2. Movie Stars - Celebrity

ဒီဇင်ဘာမှာ အတူတွဲဖျော်ဖြေ့မယ့် Britney spears နဲ့ Justin bieber

Movie Stars - Celebrity ต.ค. 14, 2559 view 1,630

Justin bieber ကို ဖက်နမ်းချင်တယ်လို့ ပြောပြီး သိပ်မကြာခင်မှာပဲ britne ဟာ bieber နဲ့အတူတွဲဖျော်ဖြေရပါတော့မယ်။ လော့စ်အန်ဂျလိစ်မှာပြုလုပ်မယ့် iHeartRadio Jingle Ball မှာ ဖျော်ဖြေရမှာပါ။ bieber ရော britney ကပါ အတည်ပြုကြေညာထားပါတယ်။

iHeartRadio Jingle Ball ဖျော်ဖြေပွဲတွေကို နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဖျော်ဖြေပွဲတွေမှာ အခြားနာမည်ကျော်အဆိုတော်တွေဖြစ်တဲ့ Ariana Grande, Bruno Mars, Niall Horan, Ellie Goulding, Charlie Puth and Meghan Trainor,တို့လည်း ပါဝင်ကြမှာဖြစ်ပါတယ်။

အောက်တိုဘာလဆန်းတုန်းက ယူကေရဲ့ Loose Women ရုပ်သံအစီအစဉ်မှာ bieber ကို ဖက်နမ်းချင်တယ်လို့ britney က ပြောခဲ့ဖူးတာကြောင့် စင်ပေါ်ရောက်ရင် တကယ်နမ်းမလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။

Credit:Duwun



Follow us on