1. Home
  2. Myanmar News

သီတင်းကျွတ်လပြည့်နေ့ အာရုဏ်ဆွမ်းမှအစာအဆိပ်သင့်

Myanmar News ต.ค. 17, 2559 view 1,540
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်ရှိ ဓမ္မာရုံတစ်ခုတွင် မုန့်တီနှင့် ကြက်သားကို အရုဏ်ဆွမ်းကပ်လှူခဲ့ရာမှ အစာအဆိပ်သင့်ဖြစ်ပွား၍ သံဃာတော်များအပါအဝင် စုစုပေါင်း ၂၈ ဦးဆေးရုံ တင်ပို့ခဲ့ရကြောင်း မန္တလေးပြည့်သူ့ဆေးရုံကြီးမှ စုံစမ်းသိရှိခဲ့ရသည်။ 
အစာအဆိပ်သင့်မှု ဖြစ်ပွား၍ မန္တလေးဆေးရုံကြီးသို့ ၂၈ ဦးရောက်ရှိလာပြီး ၂၁ ဦးမှာ ဖျားနာဆောင်တွင် ဆေးကုသမှုခံယူ လျက်ရှိကြောင်း တာဝန်ကျ ရဲအရာရှိတစ်ဦး ကပြောသည်။ 
 
ကြက်သားကို မနေ့က နေ့လယ်၃နာရီလော က်က တည်းကချက်ထားတာ။ အန်တီကမုန့်တီ ပဲစားတော့ ဘာမှမဖြစ်ဘူး။ အိမ်ကအမျိုးသားနဲ့ အမေကတော့ ဆေးရုံ ၂ ရက်လောက်တက်ရမယ်ပြောတယ် “ ဟု ချက်ပြုတ်ရေးအဖွဲ့တွင်ပါဝင်သည့် ဒေါ် သန်းအေးကပြောသည်။
 


Follow us on