1. Home
  2. Movie Stars - Celebrity

၂၀၁၇ တွင် စီးရီးသစ်နှင့် One Lady Show ပြုလုပ်မယ်ဆိုတဲ့ အဆိုတော် ချမ်းချမ်း

Movie Stars - Celebrity ต.ค. 17, 2559 view 1,533
အဆိုတော် ချမ်းချမ်းက ၂၀၁၇ ခုနှစ်တွင် One Lady Show (တစ်ကိုယ်တော်ဖျော်ဖြေပွဲ) ပြုလုပ်ရန် စီစဉ်ထားပြီး နောက်ထပ် တစ်ကိုယ်တော် တေးစီးရီးအသစ်ကို ဖေဖော်ဝါရီလအတွင်း ထွက်ရှိနိုင်အောင် ကြိုးစားနေကြောင်း သိရှရပါတယ်။
 
တစ်ကိုယ်တော်စီးရီးသစ်တွင် အချစ်သီချင်းများထက် မိသားစုမေတ္တာဘွဲ့ကို ဖော်ညွှန်းထားသော တေးသီချင်းများကို ဦးစားပေးထည့်သွင်းထားပြီး၊ အဆိုပါ တေးစီးရီးတွင် ချမ်းချမ်းကိုယ်တိုင်ရေးဖွဲ့ထားသော သီချင်းသစ်များနှင့် သံစုံတီးဝိုင်းဖြင့် တီးထားသော သီချင်းများလည်း ပါဝင်မည်ဟု သိရှိရသည်။
"ဒီအခွေမှာ အချစ်ထက်စာ ရင် မိသားစုမေတ္တာကို ဖွဲ့ဆိုတဲ့ သီချင်းမျိုးတွေပါမယ်။ အဲဒါမျိုး တွေ ထည့်ထားတယ်။ ကိုယ်ရောက်လာတဲ့ အသက်အရွယ်နဲ့ ကိုယ်ဖြစ်တည်နေတဲ့အခြေအနေ က ဒီမိသားစုလေးရလာတော့ အချစ်ထက်စာရင် ပိုနွေးထွေးတဲ့ မိသားစု Love တို့၊ ညီအစ်ကိုမောင်နှမအချစ်တို့ကို ပိုပြီး ခံစားလို့ရလာတယ်" ဟု တစ်ကိုယ်တော်အ ခွေနှင့်ပတ်သက်သော ခံစားမှုကိုပြောသည်။ 
 
ထို့ပြင် နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်မည့် The Queens Orchestra ဖျော်ဖြေပွဲနှင့်ပတ် သက်၍ "အဓိကကတော့ သီချင်း လေးတွေ ပုံစံပြောင်းဖြစ်မယ်။ အင်္ဂလိပ်သီချင်းတစ်ပုဒ်ဆိုမယ်။ အဲဒီ အင်္ဂလိပ်သီချင်းကလည်း ကြားနေကျပုံစံလေးတွေကနေ နည်းနည်း ဆန်းသစ်အောင် Orchestra တီးမယ့်ဆရာတွေက ပုံစံလေးတွေ ပြန်ပြောင်းမယ်" ဟု ချမ်းချမ်းက ပြောသည်။
 
One Lady Show (တစ်ကိုယ်တော်ဖျော်ဖြေပွဲ) ကို တေးစီးရီးသစ် ထွက်ရှိပြီးသည်နှင့် ပြုလုပ်တင်ဆက်နိုင်အောင် ကြိုးစားနေသည်ဟု သိရှိရပါသည်။
 
Ref:7daydaily
 


Follow us on