1. Home
  2. Myanmar News

ချင်းတွင်း ရေယာဉ်နစ်မြုတ်မှုတွင် ခရီးသည် ၁၀၀ ကျော် ပျောက်ဆုံးနေဆဲ

Myanmar News ต.ค. 17, 2559 view 1,525
အောက်တိုဘာလ ၁၅ ရက်နေ့က ချင်းတွင်းမြစ်အတွင်း နစ်မြုတ်ခဲ့သော ရေယာဉ်ပေါ်တွင် တက္ကသိုလ်ဆရာ၊ ဆရာမများ ကျန်းမာရေးဝန်ထမ်းများ ပါသွားခဲ့ပြီး မူလတန်းပြ ကျောင်းဆရာ၊ ဆရာမ ၂၅ ဦးလည်းမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
 
ဟုမ္မလင်းမြို့မှ မုံရွာသို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း အောက်တိုဘာ ၁၅ ရက်နေ့က ခရီးသည် ၃၀၀ ကျော်ခန့် တင်ဆောင်ပြီး ထွက်ခွာခဲ့သော ရေယာဉ်သည် ကနီမြို့နယ် မိကျောင်းတွင်းကျေးရွာအနီးတွင် နံနက် ၅ နာရီအချိန်ခန့်က နစ်မြုတ်ခဲ့သည်။ ရေယာဉ်နစ်မြုတ်ရာတွင် ခရီးသည် ၁၅၄ ဦးကိုသာ အသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူ ၁၀၀ ကျော်ရှိနေသေးကြောင်း သိရှိရသည်။ ပျောက်ဆုံးသူများထဲတွင် ပညာရေးဝန်ထမ်းများ ပါဝင်နေပြီး သီတင်းကျွတ်ကျောင်းပိတ်ရက် အိမ်ပြန်လာသော မူလတန်းပြ ဆရာ၊ ဆရာမ ၅၀ ကျော်ထဲမှ ၂၅ ဦးမှာ ပျောက်ဆုံးလျှက်ရှိသည်။ အချို့ခရီးသည်များမှာ ရေယာဉ်၏အခန်းတွင်းမှ လိုက်ပါလာကြသူများဖြစ်ပြီး ရေယာဉ်တိမ်းမှောက်စဉ် အခန်းတွင်း ပိတ်မိနေခြင်း ဖြစ်နိုင်သည်ဟု အသက်မသေပဲ ကျန်ရစ်သူမိသားစုများက မျှော်လင့်လျှက်ရှိကြသည်။
 
 
မြို့နယ်တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာရှင်ပြည်သူများက အသက်ဘေးမှလွတ်မြောက်လာသူများကို ကင်းရွာဘုန်းကြီးကျောင်းအတွင်း ကူညီနေရာချထားပေးလျှက်ရှိသည်။ ရုပ်အလောင်းများကို မြစ်ကြောင်းတစ်လျောက် ကူညီရှာဖွေလျှက်ရှိပြီး ချင်းတွင်းမြစ် ကြမ်းပြင်အောက်သို့ နစ်မြုတ်သွားသော ရေယာဉ်ကို ရှာဖွေမည့် ရေငုတ်သမားများ ရေယာဉ်နစ်မြုတ်ရာသို့ လာနေဆဲဖြစ်ကြောင်း သိရသည်။ အသက်ရှင်ကျန်ခဲ့သူများကလည်း အိမ်မပြန်နိုင်ကြသေးပဲ သေဆုံးသူ မိသားစုဝင်များ၏ ရုပ်အလောင်းကို ပြန်လည်ရှာတွေ့နိုးနဲ့ မျှော်လင့်နေကြဆဲဖြစ်သည်။
 
Ref:ကုမုန္ဒြာ
 


Follow us on