
၂၀၁၆ ဧပြီလက ထွက်ရှိထားတဲ့ ဖြူဖြူကျော်သိန်းရဲ့ "ဧပရယ်ဖူး"အခွေကို နိုဝင်ဘာလကုန်ကစပြီး MTV အဖြစ်ပုံဖော်တော့မယ်လို့သိရပါတယ်။ MTV ရိုက်ကူးမှုကိုလည်း ဒါရိုက်တာတွေနဲ့တိုင်ပင်ပြီး အကောင်းဆုံး ဖြစ်အောင် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
နိုဝင်ဘာလမှာ စတင်ရိုက်ကူးမယ့် အဲဒီအခွေကို ၂၀၁၇ ဧပြီလမှာ ဖြန့်ချိနိုင်ဖို့အတွက် စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ ကျိုက္ခမီနဲ့ မကွေးမှာရှိတဲ့ ဖျော်ဖြေပွဲများကို သွားရောက် ဖျော်ဖြေပေး နေပြီး တန်ဆောင်တိုင်ကာလမှာ ရွှေဘိုနဲ့ ပြင်ဦးလွင်သို့ သွားရောက်ဖျော်ဖြေရန် လက်ခံထား တယ်လို့ သိရပါတယ်။

Credit:Duwun
comment