1. Home
  2. Special or Others

ပရိသတ်တွေကို အလကားပြတာမဟုတ်တဲ့အတွက် ဆဲရင်လဲခံနိုင်ရမယ်လို့ ပြောလိုက်တဲ့ ဒါရိုက်တာ ညိုမင်းလွင်

Special or Others ต.ค. 17, 2559 view 1,590
လူမှုကွန်ယက်စာမျက်နှာ Facebook ပေါ်တွင် “မြန်မာပေါကားများရပ်” စာမျက်နှာကြောင့် ပရိသတ်နဲ့ ရုပ်ရှင်လောကသားများအကြား ကျယ်ကျယ်လောင်လောင် လှုပ်ခတ်သွားခဲ့သည်။ ပရိသတ်များဘက်က မြန်မာရုပ်ရှင်ဇာတ်ကားများ အရည်အသွေးကျဆင်းလာမှုနှင့် ပက်သက်ပြီး ရှုဒေါင့်အမျိုးမျိုးမှ ဝေဖန်ချပြခဲ့ကြပြီး ရုပ်ရှင်လောကသားများဘက်ကတော့ ခေတ်စနစ်ဆိုများ၊ ရုံရှင်ရုံမလုံလောက်မှုများ၊ ရင်းနှီးမြုတ်နှံမှု ကန့်သတ်ချက်များနှင့် ခိုးကူးခွေအန္တရာယ်များနှင့် အကာအကွယ်ယူ တုံ့ပြန်ခဲ့ကြပါတယ်။
 
အိမ်နီးချင်းနိုင်ငံများနှင့်  နှိုင်းယှဉ်လျှင် ဇာတ်လမ်း၊ ဇာတ်အိမ်၊ တင်ပြပုံ၊ သရုပ်ဆောင် စသည့် အဘက်ဘက်မှ နိမ့်သည်ထက်နိမ့်ကျလာနေသာ မြန်မာရုပ်ရှင် အဆင့်အတန်းကို မြန်မာပရိသတ် အားမရဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပါပြီ။ မြန်မာရုပ်ရှင်အဆင့်အတန်းကို ထောက်ပြဝေဖန်သူတစ်ဦးက ခေတ်မကောင်းလို့ဟု အကြောင်းပြခဲ့သည့်အပေါ် ခေတ်ကြပ်ကြပ်ထဲတွင် ရိုက်ကူးရုံတင်ခဲ့သည့် “ပန်းမြိုင်လည်ကဥယျာဉ်မှူး” “ ဒဏ္ဍာရီ” ကဲ့သို့သော ဇာတ်ကားများကို မီးမောင်းထိုးပြခဲ့ပြီး ခေတ်ကို လွှဲချ၍မရကြောင်း သက်သေတစ်ခု အနေနဲ့ ပြသသွားခဲ့သည်။ 
 
အထက်ပါအတိုင်း ဝေဖန်မှုများကို ရုပ်ရှင်လောကသားများက ပြန်လည်ပြောဆို တုံ့ပြန်မှုများထဲတွင် အပြုသဘောနှင့် ပြန်လည်ဖြေရှင်းခဲ့သည့် ရုပ်ရှင်လောကသားများရှိသလို၊ ယုတ်ရင်းကြမ်းတမ်းသော အသုံးအနှုန်းများနှင့် ပရိသတ်ကို စိန်ခေါ်ကြိမ်းဝါးခဲ့သည့် နာမည်ကြီး ရုပ်ရှင်လောကသားများလည်း ပါဝင်ခဲ့သည်။ 
ရုပ်ရှင်လောကသားများထဲက တစ်ဦးဖြစ်သည့် သရုပ်ဆောင် ဒါရိုက်တာ ညိုမင်းလွင် သူရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ပရိသတ်တွေရဲ့ ဝေဖန်နေမှုအပေါ် သူ့ရဲ့သဘောထားအမြင်ကို အောကါပါအတိုင်း ဖော်ပြရေးသားခဲ့ပါတယ်။
 
ကျွန်တော်တို့က ပရိသတ်ကိုအလကားပြနေကြတာမဟုတ်ဘူး၊ ပရိသတ်ဆီကအခကြေးငွေယူပြီးပြနေကြတာဖြစ်တဲ့အတွက်
အဲဒါတွေကိုအကြောင်းပြခွင့်မရှိဘူး...
ပရိသတ်ကို နားလည်ပေးကြပါ လို့တောင်းဆိုခွင့်မရှိဘူး...ပရိသတ်အနေနဲ့ သူတို့လက်ထဲရောက်လာတဲ့ ဗီဒီယိုတစ်ကားအပေါ်မှာ... သူတို့ထိုင်ကြည့်လိုက်ရတဲ့ ရုပ်ရှင်တစ်ကားအပေါ်မှာ နောက်ကွယ်ကအခက်အခဲတွေကို သိစရာမလိုပဲနဲ့ အကောင်းအဆိုးကို ဆုံးဖြတ်ပိုင်ခွင့်အပြည့်ရှိနေတယ်...
မြန်မာကားမကြိုက်သူများတွေ့ဆုံပွဲကို ကျွန်တော် လေးစားစွာတက်ရောက်နားထောင်ပါမယ်...
 
Video Credit:MizzimaTV


Follow us on