1. Home
  2. Special or Others

တိုက်ရိုက်အစီအစဉ်မှာ အင်္ကျီအချွတ်ခံလိုက်ရတဲ့ မော်ဒယ်

Special or Others ต.ค. 17, 2559 view 1,699

တိုက်ရိုက်တင်ဆက်တဲ့ အင်တာဗျူးအစီစဉ်တစ်ခုမှာ စပိန်နာမည်ကျော်မော်ဒယ် Yola Berrocal ဟာ အစီအစဉ်တင်ဆက်သူက အင်္ကျီ ကို တမင် စွဲချွတ်တာကို ခံခဲ့ရပါတယ်။ Yola ဟာ စပိန်နိုင်ငံရဲ့ ရင်သား အကြီးဆုံး မော်ဒယ်အဖြစ် လူသိများအားပေးခြင်းကို ခံနေရသူဖြစ်ပြီး သူမနဲ့ စပိန်ရုပ်သံရဲ့ တိုက်ရိုက်အင်တာဗျူးမှာ ယခုလို ဖြစ်ပျက်ခဲ့တာပါ။

အသက်(45)နှစ်အရွယ်ရှိ Yola ဟာ အနီရောင်ဝတ်စုံကို စမတ်ကျကျဝတ်ဆင်ထားပြီး အင်တာဗျူးတင်ဆက်သူအမျိုးသားနဲ့အတူ အစီအစဉ်တင်ဆက်မှု စတင်စဉ်၊ အဲဒီအမျိုးသားက တမင်တကာ သူမရဲ့ အင်္ကျီကိုဆွဲချွတ်လိုက်တာကို အထင်အရှားတွေ့ခဲ့ရပါတယ်။ ဒါဟာ ဥပဒေအရ ရင်ဆိုင်ရနိုင်တဲ့ အမှုတောင် ဖြစ်လာနိုင်ပါတယ်။ Yola ဟာ စက္ကန့်ပိုင်းအတွင်း ကြောင်နေသေးပြီး နောက်မှ သူမဘာဖြစ်တယ်ဆိုတာကို သဘောပေါက်သွားတာမို့ အင်္ကျီကို ချက်ချင်းပြန်တင်ခဲ့ရပါတယ်။

 နောက်ကနေ ဒီအဖြစ်အပျက်ကို Replay ပြန်ပြထားတဲ့ မှန်သားပြင်ကြီးကလည်း ရှိနေတဲ့အတွက် နေရာကနေ ချက်ချင်းထပြီး အဲဒီပြကွက်ကို လိုက်လံဖုန်းကွယ်ခဲ့ရပါသေးတယ်။ နောက်ပိုင်းမှာတော့ Yola ဟာ ဆက်လက်တင်ဆက်ခြင်း မပြုတော့ဘဲ အခန်းထဲကနေ အမျိုးသားတစ်ယောက်ရဲ့ အကူအညီနဲ့အတူ ထွက်လာခဲ့ပါတယ်။

အဲဒီတင်ဆက်မှုကို ၀င်ရောက်ကြည့်ရှုခဲ့ကြတဲ့ ပရိသတ်တွေဟာ Yola အင်္ကျီလျောကျသွားစဉ်မှာ လက်ခုတ်တီးကာ အားပေးခဲ့ကြပြီး၊ ကာယကံရှင်အနေနဲ့လည်း အလွန်အခံရခတ်စေတဲ့ ကိစ္စရပ် ဖြစ်ပါတယ်။

2014 ခုနှစ်က အသက်(17)နှစ်အရွယ် သြစတီးယားအဆိုတော်မလေး Josephine Georgiu နဲ့အတူ ပူးတွဲတင်ဆက်တဲ့ ဖျော်ဖြေရေးပွဲတစ်ခုမှာ အဆိုတော်ကြီး မက်ဒေါနားဟာလည်း မိမိကိုယ်ကြပ်အင်္ကျီကို မိမိဆွဲချရင်း မတော်တဆ ရင်သားပေါ်ခဲ့ရတဲ့ အဖြစ်အပျက်ကို ကြုံခဲ့ရပါသေးတယ်။ အဆိုပါအဖြစ်အပျက်အတွက်လည်း သူမဟာ သြစတီးယားဥပဒေနဲ့ ငြိဋ္ဌစွန်းခဲ့လို့ရင်ဆိုင်ဖြေရှင်းခဲ့ရပါသေးတယ် ။

 



Follow us on