အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီ ၂၅ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရှိ ပုလဲရိပ်မွန်အိမ်ယာမှ အခန်းတစ်ခုကို ဖောက်ထွင်းသမားနှစ်ဦး သော့ဖျက်၍ ဝင်ရောက်ရန် ကြိုးစားနေမှုကို CCTV ကင်မရာမှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ရသည်။
အဆိုပါဗီဒီယိုဖိုင်ကို “လုံခြုံမှုမရှိသော ပြည်သူတွေရဲ့ဘဝ” ခေါင်းစဉ်နှင့် လူမှုကွန်စာမျက်နှာပေါ်တွင် တင်ထားခဲ့သည်။ ဗီဒီယိုထဲတွင် ဖောက်ထွင်းသော့ဖျက်သူ နှစ်ဦးအား မျက်နှာသဲသဲကွဲကွဲ မြင်ကြရပြီး သက်ဆိုင်ရာမှ ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရန် မျှဝေခဲ့သည်ဟု ယူဆရပါသည်။
VideoCredit:YE Lin Aung