1. Home
  2. Myanmar News

ညဖက်လမ်းဘေးအရက်ဝိုင်းများ ရဲတပ်ဖွဲ့က လိုက်လံရှင်းလင်း အသိပညာပေး

Myanmar News ต.ค. 18, 2559 view 1,731
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွပ်နှင့် နန္ဒဝန်ရပ်ကွပ် နှစ်ခုကြားရှိ ကျောက္ကာလမ်းမကြီး၏ လမ်းဘေး ဝဲယာတွင် ညစဉ်ညတိုင်း စုဖွဲ့ကာအရက်သောက်တတ်ကြသော တက္ကသိုလ်ကျောင်းသားလူငယ် အုပ်စုအဖွဲ့များကို လှည့်ကင်းရဲတပ်ဖွဲ့က လိုက်လံဖယ်ရှားရှင်းလင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
 
အဆိုပါလူငယ်များသည် ပြင်ပဘော်ဒါဆောင်များမှ တက္ကသိုလ်ကျောင်းသားများဖြစ်ကြပြီး ညစဉ်ညတိုင်း အုပ်စုဖွဲ့ သောက်စားမူးယစ်ကြကာ မကြာခဏခိုက်ရန်ဖြစ်ပွားသဖြင့် ကျန်ရှိသော ကျောင်းသား ကျောင်းသူများ အန္တရာယ်ကင်းအေးချမ်းစွာ ပညာသင်နိုင်ရန်အတွက် သတင်းပေးချက်အရ မုံရွာမြို့မရဲစခန်း လှည့်ကင်းအဖွဲ့မှ လာရောက်ရှင်းလင်း၍ ပညာပေးဟောပြောကာ အဆောင်သို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
 
ပညာသင်ကြားဖို့ ရည်ရွယ်ချက်နဲ့ ကျောင်းလာတက်တဲ့ သူတွေဖြစ်တာကြောင့် ပထမအဆင့်အနေနဲ့ အသိပညာပေးဟောပြောပြီး အဆောင်ကိုပြန်အိပ်ခိုင်းပါတယ်။ ထပ်မံကျူးလွန်တယ်ဆိုရင်တော့ တက္ကသိုလ်ကျောင်းသားပဲဆိုပြီး ဥပဒေက သီးခြားခွင့်ပြုမှာ မဟုတ်ပါဘူး၊ ထိရောက်စွာ ဖမ်းဆီးအရေးယူသွားမှာဖြစ်တယ်” ဟု မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်ကပြောသည်။
 
အသိပညာပေးဟောပြောခြင်းအပေါ် လေးစားလိုက်နာဖြင်းမရှိဘဲ မထီမဲ့မြင်ပြုလုပ်၍ ဆူပူရမ်းကားလာပါက မည်သူကိုမဆို ဥပဒေအရ အရေးယူဆောင်ရွက်သွားရန် မိန့်ကြားထားပြီးဖြစ်ကြောင်း သိရှိရသည်
 


Follow us on