1. Home
  2. Movie Stars - Celebrity

မြန်မာသတို့သမီး ဝတ်စုံလေးနဲ့ မြန်မာပြည်မှာ မင်္ဂလာဆောင်ချင်တဲ့ ဗီယက်နမ် မင်းသမီးလေး

Movie Stars - Celebrity ต.ค. 18, 2559 view 1,978

စိန်နန်းတော်နဲ့ Melia ဟိုတယ် တို့ စပူးပေါင်းကျင်းပတဲ့ "Celebra-tion of Love" Wedding Fair မှာ ဗီယက်နမ် မင်းသမီး ငုရင်ထရန် ဟုရန်မေ ကလည်း မင်္ဂလာသတို့သမီး ဝတ်စုံ ဝတ်ဆင်ပြီး ပါဝင်ရှိုးလျှောက် ခဲ့ပါ တယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး ရှိုးလျှောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာ သတို့သမီးဝတ်စုံကိုလည်း ဝတ်ဆင် ရတာကို ကြိုက်နှစ် သက်ကြောင်း ပြောပါတယ်။

"မြန်မာပြည်မှာ မော်ဒယ်တစ် ယောက် အနေနဲ့ ပထမဆုံး ရှိုး လျှောက် ဖြစ်တာပါ။ အဲဒီခံစားချက် ကတော့ တော်တော် အံ့သြ ဖွယ် ကောင်းပါတယ်။ အဲဒီပွဲမှာ ဝတ်တဲ့ မြန်မာ ဝတ်စုံက လည်း တော်တော် လေး လှပါတယ်။ အိမ်ထောင်ပြုမယ် ဆိုရင် ဖြစ်နိုင်ရင် မြန်မာပြည်မှာ လာပြုချင်ပါတယ်။ မြန်မာ့ရိုးရာ သတို့သမီး ဝတ်စုံကို ဝတ်ဆင်ရတာလည်း ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု ရှိစေတယ်လို့ ခံစား ရပါတယ်" လို့ မြန်မာ သတို့သမီး ဝတ်စုံနဲ့ မင်္ဂလာ ဆောင်ချင်တဲ့ အကြောင်း ကို ပြောပါတယ်။

Myanmar Media 7နဲ့ ၂ဝ၁၇ ခုနှစ် မတ်လမှာ နေတိုး၊ ထွန်း ထွန်း၊ ခင်ဝင့် ဝါတို့ နဲ့ ရုပ်ရှင် ဇာတ်ကား ရိုက် ကူး သွားဖို့လည်း ရှိ ပါတယ်။ လတ်တလော "ဗီယက်နမ် မှာတော့ မော်ဒယ် လုပ်တယ်။ Event ပွဲတွေ တက်ဖြစ် တယ်။ ဓာတ်ပုံ ရိုက်တာတွေ လုပ်ဖြစ် ပါတယ်။ Fashion Design ကျောင်းလည်း တစ်ဖက်က တက်ဖြစ် တယ်။

ရုပ်ရှင် ဇာတ်ကားအတွက် ပြင်ဆင်နေတာ ကတော့ ဒီဇာတ်ကား က ပထမဆုံး ဇာတ်ကားလည်းဖြစ် တယ်။ အဓိက သရုပ်ဆောင် မင်းသမီးလည်း ဖြစ်တယ် ဆိုတော့ အကောင်းဆုံး ကြိုးစားပြင် ဆင်နေ ပါတယ်။ ဇာတ်ကား တွေ ကြည့်တယ်။ အက်ရှင် ဇာတ်ကားတွေ လည်း ကြည့် ပြီး လေ့လာဖြစ်တယ်။ မြန်မာစကား လည်း သင်ချင်တယ်။ ဒါပေမဲ့ မြန်မာ စကားက တအားခက်ခဲတယ်" လို့ ပြောခဲ့ပါတယ်။

Credit:popular



Follow us on