1. Home
  2. Movie Stars - Celebrity

မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ အောင်မြင်စွာပြီးသွားတဲ့ မိုးယုစံ

Movie Stars - Celebrity ต.ค. 18, 2559 view 1,783

မောင်စွမ်းသူမိုးနှင့် သရုပ်ဆောင် မိုးယုစံတို့၏ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာ ၁၈ ရက် နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် Grand Ballroom ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ နှစ်ဖက်မိဘဆွေမျိုး အသိုင်းအ၀န်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တ်ာများနှင့် အနုပညာရှင်များ တက်ရောက် ချီးမြှင့်ခဲ့ကြသည်။

AIR KBZ Ltd မှ တွဲဖက်လေယာဉ်မှူး (Senior Officer)၊ Yangon Triple Co.,Ltd ၏ Director မောင်စွမ်းသူမိုးနှင့် သရုပ်ဆောင် မိုးယုစံတို့၏ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို နှစ်ဖက်မိဘဆွေမျိုး အသိုင်းအ၀န်းများ၊ ဖိတ်ကြားထားသည့် ဧည့်ပရိသတ်များ၏ ရှေ့မှောက်၌ မင်္ဂလာမ်ာကွန်းတင် လက်မှတ်ရေးထိုးမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Credit:eleven media 



Follow us on