1. Home
  2. Myanmar News

Viber တွင်ဆုံခဲ့သူကို ယုံမိလို့ပုံခဲ့ပြီးမှ ကိုယ်ဝန် ၈ လနဲ့ လိမ်ညာခံရမှန်းသိတဲ့ တက္ကသိုလ်ကျောင်းသူ

Myanmar News ต.ค. 19, 2559 view 1,580
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ငါးလာချောင်းကျေးရွာနေ ဒုတိယနှစ် မြန်မာစာ ကျောင်းသူ မနွေမာ(ခ)စိုးစိုး အသက် ၂၁ နှစ်သည် လူမှုကွန်ယက် Viber တွင် အမည်မသိသူတစ်ဦးနှင့် ခင်မင်ရင်းနှိးခဲ့ပြီး လူပျိုဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် နောက်ပိုင်းတွင် ချစ်သူရည်းစား ဖြစ်ခဲ့ကြသည်။ ထို့နောက် လူချင်းအပြင်မှာ တွေ့ဆုံစဉ် ချစ်သူဖြစ်ခဲ့သူ စိုးမင်းထွန်း အသက် ၄၀ နှစ်က အိမ်ထောင်မရှိသူ လူပျိုဟု ပြောသဖြင့် ယုံကြည်မိကာ ချိန်းဆိုထားသည့် အောင်ပြည့်စုံ တည်းခိုခန်း၌ ၂ လခန့် လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့သည်။
 
ထို့အပြင် တိုက်ကြီးမြို့နယ်ရှိ မမွန်မ ဆိုသူ၏ အိမ်ခန်းတွင် နှစ်လခန့် ဆက်လက်ပေါင်းသင်းပြီး နေရာများကို အဆင်ပြေသလို ရွေ့ပြောင်းနေထိုင်ခဲ့ကြသည်။ ထို့နောက် ကိုယ်ဝန် ၈ လခန့်ရှိလာသည့် တစ်နေ့တွင် သူမ၏ အစ်ကိုဝမ်းကွဲတော်စပ်သူ ကိုဇော် နှင့် တွေ့ဆုံခဲ့ပြီး စိုးမင်းထွန်းမှာ လူပျိုမဟုတ်ပဲ တရားဝင်အိမ်ထောင်ရှိသူ ဖြစ်ကြောင်း သိရှိသွားခဲ့သည်။ 
 
ထို့ကြောင့် အိမထောင်ရှိပါလျက်နှင့် လင်မယားအဖြစ်ခိုးယူ ပေါင်းသင်းခဲ့သူ စိုးမင်းထွန်း (၄၀)နှစ် (ဘ)ဦးခင်သိန်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးပါရန် မနွေမာ(ခ)စိုးစိုးက တရားလိုပြု၍ တိုက်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
အဆိုပါအမှုကို ဒုရဲအုပ်စိုးမြင့်ခိုင်မှ အမှုစစ်အဖြစ် ဆောင်ရွက်ကာ (ပ)၃၆၇/၂၀၁၆ တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၇)အရ တိုက်ကြီးမြို့မရဲစခန်းက အမှုဖွင့်လှစ် ဆောင်ရွက်နေသည်ဟု သတင်းရရှိသည်။
 
Ref:သတင်းနဂါး
 


Follow us on