1. Home
  2. Movie Stars - Celebrity

ခင်ပွန်းဟောင်းနဲ့တွဲပြီး အယ်လ်ဘမ်သစ်ထုတ်မယ့် Jennifer Lopez

Movie Stars - Celebrity ต.ค. 19, 2559 view 1,501

အဆိုတော် မင်းသမီး Jennifer Lopez ရဲ့ တေး အယ်လ်ဘမ်သစ်ကို ခင်ပွန်း ဟောင်း အဆိုတော်နှင့် ထုတ်လုပ် သူ Marc Anthony နှင့်တွဲဖက် ထုတ်လုပ်မည်ဟု ကြေညာပြီး နောက် ၎င်းတို့နှစ်ဦး ပျော်ပျော် ရွှင်ရွှင် လက်တွဲနေပုံ ဗီဒီယိုဖိုင် ကို Snapchat တွင်ဖော်ပြခဲ့သည်။ (၄၇)နှစ် Jennifer နဲ့ (၄၈) နှစ် Marc တို့ဟာ အိမ်ထောင် သက် (၇)နှစ်ကြာခဲ့ပြီး အမြွှာ မောင်နှမနှစ်ဦးကို မွေးဖွားပြီးခဲ့ ပြီး ၂၀၁၁ က ကွာရှင်းခဲ့ကြပါတယ်။

Jennifer ရဲ့ စပိန်ဘာသာဖြင့် သီဆိုထားသော တေးအယ်လ် ဘမ်သစ်ကို Sony Music Latin ကုမ္ပဏီမှတစ်ဆင့် ဖြန့်ချိမှာလဲ ဖြစ်ပါတယ်။

ဂီတခရီးလမ်းသစ်နှင့် ပတ်သက်၍ အလွန်စိတ်လှုပ်ရှား နေပြီး မိမိ၏လက်တင်ရင်းမြစ်များ ဖြစ်သော Marc Anthony နှင့် ဆိုနီကုမ္ပဏီမိသားစုဝင်များနှင့် အတူ အောင်ပွဲခံရန် မျှော်လင့် ထားတယ်လို့ Jennifer ရဲ့ ကြေညာချက်တွင် ဖော်ပြထားခဲ့ပါ တယ်။

 မော်ဒယ်Shannon De Lima နှင့် လက်ထပ်ခဲ့သော Marc Anthony နှင့် Jennifer တို့ဟာ သြဂုတ်လက ခင်မင်ရင်းနှီးစွာ ပြန်လည်လက်တွဲခဲ့ပြီး Marc Anthony ဖျော်ဖြေပွဲကျင်းပရာ နယူး ယောက်မြို့ ရေဒီယိုမြို့တော် ဂီတခန်းမသို့ ဂျေလိုက သားသမီးနှစ် ဦးကိုခေါ်ယူလာကာ ဖခင်နှင့် တွေ့ဆုံစေခဲ့သည်။

Jlo တေးအယ်လ်ဘမ်သစ် ပထမဆုံး သီချင်းကို နိုဝင်ဘာတွင် ထုတ်ဝေမှာဖြစ်ပြီး ၂၀၁၇ မှာ အယ်လ်ဘမ်သစ် ကို မိတ်ဆက်မှာလဲ ဖြစ်ပါတယ်။

Credit:7day



Follow us on