1. Home
  2. Movie Stars - Celebrity

စပိန်ရုပ်ရှင်ပွဲတော်တွင် Train To Busan ဇာတ်ကား ရုပ်ရှင်ဆု ၂ ဆုဆွတ်ခူး

Movie Stars - Celebrity ต.ค. 19, 2559 view 1,625
နာမည်ကျော်လူကြိုက်များခဲ့သည့် “Train To Busan” ရုပ်ရှင်းဇာကားသည် အောက်တိုဘာလ ၁၅ ရက်နေ့က စပိန်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၄၉)ကြိမ်မြောက် Sitage ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး ဒါရိုက်တာဆုနှင့် ရုပ်ရှင်အထူးပြုလုပ်ချက်ဆု (၂)ဆုတို့ကို ဆွတ်ခူးနိုင်ခဲ့သည်။
 
ဗိုင်းရပ်စ်ပိုးတစ်မျိုး ပြန့်ပွားမှုကြောင့် လူသားများက အချင်းချင်းကိုက်ဖြတ်ကြရာမှ နိုင်ငံအနှံ့ လူသေဖုတ်ကောင်များ ပြည့်နှက်ခဲ့ပြီး ဘူဆန်မြို့သို့ ထွက်ခွာသည့် ရထားပေါ်တွင် အဆိုပါ လူသေဖုတ်ကောင်များနှင့် ရင်ဆိုင်တွေ့ရပုံကို အထူးပြုလုပ်ချက်များနှင့် ရိုက်ကူးပုံဖော်ထားသည့် သဲထိတ်ရင်ဖိုဇာတ်ကားဖြစ်သည့် “Train To Busan” ကို ဒါရိုက်တာ ယွန်းဆန်းဟိုက ရိုက်ကူးခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၁၁.၅၆ သန်းကျော်ရရှိခဲ့သော အောင်မြင်သည့် တောင်ကိုးရီးယား ဇာတ်ကားကောင်းတစ်ကားဖြစ်ခဲ့သည်။
 
အဆိုပါရုပ်ရှင်ပွဲတော်တွင် အခြားတောင်ကိုရီးယားဇာတ်ကား ၂ ကားဖြစ်သည့် “The Wailing” နှင့် “The Handmaiden” ဇာတ်ကားများကလည်း အသီးသီးဆုရရှိခဲ့ကြသည်။ “The Wailing” ဇာတ်ကားအတွက် အကောင်းဆုံးရုပ်ရှင်ဆုနှင့် “The Handmaiden” ဇာတ်ကားအတွက် ပရိသတ်အားပေးမှုဆုတို့ကို လက်ခံရရှိခဲ့ကြောင်း သတင်းရရှိသည်။
 


Follow us on