1. Home
  2. Myanmar News

၂၀၁၆ ခုနှစ် ပညာရည်ထူးချွန်သူများ ဂျပန်နိုင်ငံလေ့လာရေးခရီး အတွေ့အကြုံ ရှင်းလင်းပွဲကျင်းပ

Myanmar News ต.ค. 20, 2559 view 1,572
၂၀၁၆ ခုနှစ်အတွက် မြန်မာ-ဂျပန်အသင်း ပညာရည်ထူးချွန်ဆု ရွေးချယ်ခံထာပြီးသော ဂျပန်နိုင်ငံသို့ လေ့လားရေးသွားရောက်ခဲ့ကြသော အဖွဲ့ အောက်တိုဘာ ၁၆ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌါနမှ သတင်းထုတ်ပြန်ခဲ့သည်။
 
ဘက်စုံထူးချွန်သူ ကျောင်းသား ကျောင်းသူ (၁၆)ဦး ပါဝင်သော လေ့လာရေးအဖွဲ့သည် အုပ်ချုပ်သူများနှင့်အတူ အောက်တိုဘာလ ၈ ရက်နေ့မှ အောက်တိုဘာလ ၁၆ ရက်နေ့ထိ ဂျပန်နိုင်ငံတွင် လေ့လာမှုများ ပြုလုပ်ခဲ့ကြပြီး အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ 
လေ့လာရေးခရီးစဉ်အတွေ့အကြုံ ရှင်းလင်းပွဲကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်အင်တာနေရှယ်နယ် ဟိုတယ်ခန်းမ၌ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို ၂၀၁၅ ခုနှစ် ထူးချွန်ကျောင်းသား ကျောင်းသူများပါ တက်ရောက်ခဲ့ပြီး အတွေ့အကြုံရှင်းလင်းပွဲအပြီးတွင် ၂၀၁၅ ခုနှစ်ထူးချွန် ကျောင်းသား ကျောင်းသူများက ၂၀၁၆ ခုနှစ် ထူချွန်ကျောင်းသား ကျောင်းသူများကို လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
 


Follow us on