1. Home
  2. Myanmar News

ကမ္ဘောဇဘဏ် အကြွေးဝယ်ကာဒ်ဖြင့် နိုင်ငံတစ်ကာတွင် ငွေပေးချေနိုင်တော့မည်

Myanmar News ต.ค. 20, 2559 view 1,571
ကမ္ဘောဇဘဏ် လီမိတက်မှ မကြာမီစတင်မိတ်ဆက်တော့မည့် KBZ UnionPay အကြွေးဝယ်ကာဒ်သည် နိုင်ငံတစ်ကာအကြွေးဝယ်ကာဒ်စနစ်အောက်တွင် ချိပ်ဆက်ဆောင်ရွက်ပြီး Classic နှင့် Platinum ကာဒ်အမျိုးစား နှစ်ခုခွဲကာ သုံးစွဲသူများကို ထုတ်ပေးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
အဆိုပါအကြွေးဝယ်ကတ်များသည် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအတွက် ငွေပေးချေနိုင်မည့်အပြင် ငွေသားထုတ်ယူမှုများကိုလည်း သုံးစွဲသူတစ်ဦးချင်းစီ၏ ဘဏ္ဍာရေးအခြေအနေပေါ် မူတည်၍ အကန့်အသတ်နှင့် ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
 
ဘဏ်ကာဒ်၏ လုံခြုံရေးစနစ်အတွက် Smart Chip နှင့် လျို့ဝှက် Pin Code တို့ကို ထည့်သွင်းထားမှာဖြစ်ပြီး မြန်မာနိုင်ငံအနှံ့တွင် ရှိသော ATM (ငွေထုတ်စက်)များနှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ UPI ကွန်ယက်စနစ်နှင့် ပူးပေါင်းချိပ်ဆက်ထားသော ATM စက်များတွင်းလည်း ငွေထုတ်ယူနိုင်သကဲ့သို့ အွန်လိုင်းငွေပေးချေမှုကိုလည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
 
အကြွေးဝယ်ကာဒ်၏ အားသာချက်မှာ အရေးပေါ်ငွေကြေးဆိုင်ရာကိစ္စများတွင် အကန့်အသတ်နှင့် ကြိုတင်သုံးဆွဲနိုင်ပြီး သတ်မှတ်ထားသော ရက်မတိုင်မီ ပြန်လည်ပေးချေနိုင်ခြင်း၊ စတိုးဆိုင်များနှင့် ဝန်ဆောင်မှုဆိုင်ရာများအတွက် လွယ်ကူစွာ ငွေပေးချေနိုင်ပြီး နေရာတစ်ကာ ငွေသားပိုက်ဆံ ပမာဏကြီးကြီး သယ်ယူသွားရန်မလိုခြင်းတို့ ဖြစ်ပါသည်။
 
အကြွေးဝယ်ကတ်သည် သာမန် ATM ကတ်များနှင့် သဘာဝအားဖြင့် မတူညီသောကြောင့် သုံးစွဲသူများဘက်မှ အကြွေးဝယ်ကတ်များကို တာဝန်သိစိတ်ဓာတ်ရှိရှိ အကျိုးအပြစ်ခွဲခြားသိကာ အသုံးပြုဖို့လိုမည်လည်းဖြစ်သည်။ ကမ္ဘောဇဘဏ်မှလည်း သုံးစွဲသူများအတွက် လိုအပ်သောအကြံဉာဏ်များကို ဘဏ်ခွဲများ၊ Call စင်တာများမှတစ်ဆင့် ကူညီပေးသွား မည်ဖြစ်သည့်အပြင် ကမ္ဘောဇဘဏ်မှ #KBZCreditSmart ဟူသည့် အစီအစဉ်တစ်ရပ်ကို အွန်လိုင်းတွင် စတင်သွားမည် ဖြစ်ပါသည်။ သုံးစွဲသူများသည် မိမိတို့ရယူထားသော ငွေကြေးများကို အချိန်မီပြန်လည်ဆပ်ပါက အတိုးနှုန်းတက်မည် မဟုတ်သကဲ့သို့ နောက်ကျကြေး တစ်စုံတစ်ရာ ပေးဆောင်စရာလည်း မလိုပါ။ သို့ရာတွင် အချိန်မီပြန်လည်မဆပ်နိုင်ပါက နှစ်စဉ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး ဆက်တိုက် အချိန်လွန်ပျက်ကွက်ခြင်းများအတွက် အပိုဆောင်ကြေးများ ပေးဆောင်သွားရမည်ဖြစ်သည်။
 
အကြွေးဝယ်ကတ်ဖြင့် ကြိုတင်အသုံးပြုထား သောငွေများကို လွယ်ကူစွာ ပြန်လည်ဆပ်နိုင်ရန်အတွက် ကမ္ဘောဇဘဏ်က သုံးစွဲသူများ၏ မူလဘဏ်အကောင့်ထဲမှပင် ရယူထားသောငွေကြေးများကို နုတ်ယူသွားမည် ဖြစ်သည်။ ၎င်းတို့၏ကြွေးမြီများကို ဘဏ်ထဲသို့ လစဉ်ပုံမှန် ထည့်သွင်းပေးသွားမည့်ပုံစံဖြစ်သည်။ သုံးစွဲသူသည် တိုက်ရိုက် အကြွေးယူခွင့် လျှောက်ထားပါက ပေးဆောင်ရမည့်အကြွေးပမာဏကို အထက်ပါကဲ့သို့ ကမ္ဘောဇဘဏ်အကောင့်ထဲမှ အလိုလျောက် လစဉ် နုတ်ယူသွားမည်ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများသည် နိုင်ငံတစ်ဝှမ်းရှိ ကမ္ဘောဇဘဏ်ခွဲများတွင် ထိုနည်းဖြင့် မိမိဘဏ်အကောင့်မှဖြစ်စေ၊ ငွေသားလက်ငင်း ပေးချေ၍ဖြစ်စေ အကြွေးငွေများ ပြန်လည်ဆပ်နိုင်မည် လည်းဖြစ်သည်။
 
KBZ MPU UnionPay ကတ် ကိုင်ဆောင်သူများဟာ UnionPay ရဲ့ ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှု ကွန်ရက်အောက်မှာရှိတဲ့ နိုင်ငံပေါင်း ၁၆၀ က ၃၅ သန်းသောအရောင်းဆိုင်တွေမှာ ငွေပေးချေမှုများ ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းက လေဆိပ် ၄၀၀ ကျော်ရဲ့ နားနေခန်းပေါင်း ၈၅၀ ကျော်ကို အသုံးပြုခွင့်အပါအဝင် နာမည်ကျော်ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေ၊ ဈေးဝယ်စင်တာတွေ၊ ဖျော်ဖြေပွဲတွေ အစရှိတဲ့ ဇိမ်ခံအထူးအခွင့်အရေးတွေ ရယူနိုင်မှာဖြစ်တာကြောင့် KBZ MPU UnionPay Platinum Asia Prestige အကြွေးဝယ်ကတ်ဟာ မြန်မာခရီးသွားများရဲ့ ခရီးသွားလာမှုနဲ့ လူနေမှုပုံစံရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံးနဲ့ အမှန်တကယ်ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်” ဟု Union Pay International ၏ ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့ပါသည်။
 
ကမ္ဘောဇဘဏ်၏ Platinum ကာဒ်အမျိုးအစား ကိုင်ဆောင်သူများအတွက် အထူးခံစားခွင့်များအဖြစ် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်ရှိ မည်သည့်စားသောက်ခန်းမတွင်မဆို ၂၀ ရာခိုင်နှုန်းဖြင့် တည်ခင်းနိုင်ခွင့်။ ထို့အပြင် UnionPay ၏ Asia Prestige အမည်ရ အစီအစဉ်အောက်ရှိ အထူးခံစားခွင့်များဖြစ်သော ကမ္ဘာတစ်ဝှမ်းရှိလေဆိပ်များ၏ VIP နားနေခန်းအသုံးပြုခွင့်နှင့် တရုတ်နိုင်ငံရှိ မီးရထားဘူတာရုံ ၂၀ တို့၏ နားနေခန်းအသုံးပြုခွင့်၊ ပြည်ပခရီးသွားအာမခံတို့ကို
ရယူနိုင်မှာ ဖြစ်ပါသည်။
 
Credit:mkt
 


Follow us on