1. Home
  2. Special or Others

အသက် ၄ နှစ်အရွယ် ဘာသာစကား ၇ မျိုးပြောတတ်တဲ့ ချစ်စရာ့သမီးငယ်

Special or Others ต.ค. 20, 2559 view 2,084
ရုရှားနိုင်ငံ မော်စကိုမြို့ အသက် ၄ နှစ်အရွယ် သမီးငယ်လေး “အန်ဂျလာ ဘယ်လာ”ဟာ ဘာသာစကား ၇ မျိုးကို လည်လည်ပတ်ပတ် ပြောနိုင်သူဖြစ်ပါတယ်။ (ရုရှား၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ စပိန်၊ တရုပ်နဲ့ အာရေဗီ) ဘာသာစကားတို့ဖြစ်ပါတယ်။ 
 
ရုရှ ရုပ်သံအစီစဉ်တစ်ခုဖြစ်တဲ့ “Amazing People” အစီစဉ်မှာ သူမရဲ့ ဘာသာစကား စွမ်းရည်ကို ဝင်ပြိုင်ရင်း ဘယ်လာဟာ လူသိများထင်ရှားလာတဲ့ သမီးငယ်လေးဖြစ်ပါတယ်။ သူမဟာ ပါဝင်ယှဉ်ပြိုင်နေစဉ်အတွင်း ဘာသာစကား ၇ မျိုးနဲ့ မေးမြန်းခဲ့တာကို လွပ်လပ်ပေါ့ပါးစွာ ပြန်လည်ဖြေကြားနိုင်ခဲ့လို့ ဒိုင်လူကြီးများနဲ့တစ်ကွ ပရိသတ်ကပါ အံ့သြမှင်သက်အောင် လုပ်နိုင်သူလေးဖြစ်ပါတယ်။
 
ဘယ်လာရဲ့မိခင်က အင်္ဂလိပ်စာဆရာမတစ်ဦးဖြစ်ပြီး သူမမွေးစပေါက်လေးထဲက ဘာသာစကားတွေနဲ့ ရင်းနှီးစေခဲ့သူပါ။ သူမဟာ နိုင်ငံမတူတဲ့ ကလေးထိန်းအမျိုးမျိုးနဲ့ ကြီးပြင်းခဲ့ရပြီး  အဆိုပါကလေးထိန်းများကလည်း သူတို့ရဲ့ မိခင်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်သူတွေဖြစ်ပါတယ်။ ကလေးထိန်းတွေက သူတို့ရဲ့ ဘာသာစကားတွေ ဘယ်လာကို အတိုအစလောက် သင်ပေးရုံမဟုတ်ပဲ ကလေးနဲ့သက်ဆိုင်တဲ့ အကြောင်းရာတွေကို သူမနဲ့ အပြန်အလှန်ဆွေးနွေးပြောဆိုခဲ့တာဖြစ်လို့ ဘယ်လာက ဘာသာစကား ၇ မျိုးစလုံးကို ရေလည်အောင်ပြောနိုင်ခဲ့တာဖြစ်ပါတယ်။
 
သူမရဲ့ ပြိုင်ပွဲဝင် ဗီဒီယိုကို Facebook နဲ့  YouTube ပေါ်တွင် ဝေမျှခဲ့ကြပြီး ကြည့်ရှုသူ ၈ သန်းကျော်နှင့် ဝေမျှသူ ၂၀၀,၀၀၀  ရှိနေခဲ့ပြီးဖြစ်ပါတယ်။ ပြိုင်ပွဲမှာ သူမအနိုင်ရခဲ့မယ်ဆိုရင်တော့ ဒေါ်လာ ၁၆,၀၈၅ (မြန်မာငွေကျပ် ၂၀,၇၇၈,၃၃၅) ရရှိမှာဖြစ်ပါတယ်။ 
 


Follow us on