1. Home
  2. Special or Others

ကစားကွင်းက လျှပ်စစ်တိုက်ကားနှစ်စီး လမ်းပေါ်တက်ပြိုင်

Special or Others ต.ค. 20, 2559 view 2,605
တရုပ်နိုင်ငံ ရှန်ယန်းမြို့ လမ်းမပေါ်မှာ ကလေးကစားကွင်းက လျှပ်စစ်တိုက်ကား နှစ်စင်းကို လူတစ်နှစ်ယောက် မောင်းနှင်နေခဲ့ပါတယ်။ မြင်တွေ့ခဲ့ရသူတစ်ဦးက အဆိုပါအဖြစ်ပျက်ကို ဓါတ်ပုံရိုက်ကာ လူမှုကွန်ယက် “Weibo” မှာ တင်ခဲ့တဲ့အတွက် ပျံ့နှံ့ခဲ့ပါတယ်။
 
တရုပ်သတင်းဌါနတစ်ခု၏အဆိုအရ လျှပ်စစ်တိုက်ကားကို လမ်းပေါ်မှာတက်ပြိုင်နေတာ ဖြစ်နိုင်ပြီး၊ သူတို့ရဲ့ ကြောင့် မော်တော်ယာဉ်များ အနှောက်အယှက်ဖြစ်နိုင်သလို အန္တရာယ်များလွန်းတဲ့ ယခုလို လုပ်ရပ်မျိုး လိုက်လုပ်လာကြမှာ စိုးရိမ်တဲ့အတွက် အာဏာပိုင်တွေအနေနဲ့ သတိပြုသင့်ကြောင်း ဖော်ပြခဲ့ပါတယ်။
 
 
အဆိုပါဖြစ်ရပ်ကို လူမှုကွန်ယက်တွင် အချို့က “ဒါဟာ ငယ်ငယ်ထဲက ငါ့ရဲ့စိတ်ကူးကွ” လို့ ရေးခဲ့သလို တစ်ဦးကမူ “တိုက်ကားမောင်းဖို့ လျှပ်စစ်လွှတ်ထားတဲ့ မျက်နှာကျက်မလိုဘူးလား..?” ဟုလည်း မေးခွန်းထုတ်ထားပါတယ်။
 
မည်သို့ပင်ဆိုစေကာမူ အဆိုပါ လျှပ်စစ်တိုက်ကားမောင်းသူနှစ်ဦးကတော့ မီးပွိုင့်နဲ့ လူကူးမျဉ်းကြားတွေမှာ ယာဉ်စည်းကမ်းအတိုင်း လိုက်နာမောင်းနှင်ခဲ့ကြတာကို ဓါတ်ပုံများအရတွေ့ရှိခဲ့ကြရပါတယ်။ 
 


Follow us on