1. Home
  2. Movie Stars - Celebrity

သမ္မတဖြစ်ခဲ့ရင် အဲ့ဒီရာထူးကို ဒေါ်အောင်ဆန်းစုကြည်ကို ပေးမယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း

Movie Stars - Celebrity ต.ค. 20, 2559 view 1,620

အနုပညာ သက်တန်း ၁၃ နှစ်ကျော် ကြာအောင် အောင်မြင်မှုကို ထိန်းသိမ်းနိုင်ဖို့ ဆိုတာ သတ္တိရှိုဖို့ ၊ ရိုးသားဖို့ ၊ ဖြောင့်မှန်ဖို့၊ စိတ်ဓာတ်ခိုင်မာဖို့ နဲ့ ဥာဏ်ပညာအရင်းရှိဖို့ တွေက အဓိကကျမယ်လို့ ထင်ပါတယ်လို့ ပြောထားပါတယ်။ အရေးအကြီးဆုံးကတော့ ပရိတ်သတ်အားပေးမှု ပါပဲ လို့ ပြောထားပါတယ်။

ဘ၀ကို ဥာဏ်ပညာနဲ့လည်း တည်ဆောက်ချင်တယ် ချစ်ခြင်း မေတ္တာနဲ့လည်း တည်ဆောက်ချင်ပါ တယ်။ အဲဒီဘ၀ဆိုတာ တစ်နေ့ ပြီးဆုံးသွားတဲ့ အခါကျရင် နာမည်ကောင်းနဲ့ ကျန်ခဲ့ချင်တဲ့ အတွက် အမျာကြီး ကြိုးစားရအံးမှာပါလို့ ပြော ထားပါတယ်။

မဇ္ဈိမရဲ့ YOPE အဖွဲ့သားတွေ မေးမြန်းလိုက်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး မြန်မာပြည်ရဲ့ သမ္မတသာ ဖြစ်လာခဲ့မယ်ဆိုရင် ဘယ်လိုနေရာတွေကို ပြုပြင်ပြောင်းလဲချင်လဲ ဆိုတာနဲ့ ပတ်သတ်ပြီး “ဖြူဖြူ လုပ်ချင်တာ တစ်ခုပဲရှိတယ်။ အန်တီ ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီရာထူးပေးလိုက်မှာ။ ဖြူဖြူ မလုပ်ဘူး၊ ဖြူဖြူမှ မလုပ်တတ်တာ” လို့ ဖြေကြားထားခဲ့ပါတယ်။

Credit:Mizzima 



Follow us on