1. Home
  2. Special or Others

မကြာမီရုံတင်တော့မည့် “အမီရာခမ်း” ၏ ဖြစ်ရပ်မှန်ဇာတ်ကားသစ် အကြိုရင်ခုန်ခြင်း

Special or Others ต.ค. 20, 2559 view 1,888
မြန်မာပရိသတ်နဲ့ ရင်းနှိးကျွမ်းဝင်ပြီးသားဖြစ်တဲ့ ဘောလီဝုဒ်စတား “အမီရာခမ်း” ၊ သူ့ရဲ့ဇာတ်ကားတွေက ဇာတ်လမ်း ဇာတ်အိမ် ရိုက်ချက်ကောင်းကောင်းနဲ့ ပရိသတ်ရင်ထဲကို အတွေးတစ်ခုခု ကျန်နေစေခဲ့တာကြောင့် ကမ္ဘာ့ရုပ်ရှင် အသိုင်းအဝိုင်းမှာ အိန္ဒိယဇာတ်ကားတွေ ပိုပြီး ဂုဏ်တက် စေနိုင်ခဲ့ပါတယ်။
 
အမီရာခမ်းရဲ့ နောက်ထပ် ဇာတ်ကားသစ် “Dangal” မကြာမီမှာ ပရိသတ်လက်ထဲကို ရောက်လာပါတော့မယ်။ တစ်ကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ “Dangal” ဇာတ်ကားက နပမ်းသမားတစ်ဦး (Mahavir Singh Phogat)ရဲ့ ဇာတ်ကြောင်းဖြစ်ပါတယ်။ 
နပမ်းသမားတစ်ဦးဖြစ်လို့ သားယောက်ျားလေး မွေးဖွားလာရင် ပညာအမွေဆက်ခံစေဖို့ မျှော်လင့်ထားတဲ့ နပမ်းသမားကြီးဟာ သမီးနှစ်ယောက်သာမွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် သမီးနှစ်ယောက် “ဘာဘီတာ” နဲ့ “ဂီတ” ကို ပညာအမွေပေး နပန်းသင်စေခဲ့ပြီး နိုင်ငံဂုဏ်ဆောင် အားကစားသမားများဖြစ်လာတဲ့အထိ သင်ကြားပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ “ဂီတ” ဟာ ဓနသဟာရနိုင်ငံများ အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရှင်တစ်ဦးဖြစ်လာခဲ့ပါတယ်။
 
“အမီရာခမ်း” ရဲ့ ထုံစံအတိုင်း အဆိုပါ “Dangal” ဇာတ်ကားကြီးထဲမှာ ပရိသတ်ကို ဘယ်လိုအကြောင်းအရာတွေ ပေးခဲ့ချင်တယ်ဆိုတာကိုတော့ ဒီဇင်ဘာလ ၂၃ ရက်နေ့ ရုပ်ရှင်ပိတ်ကားပေါ်မှာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ လတ်တလောမှာတော့ အကြိုနမူနာကို ခံစားရင်း မျှော်လင့်နိုင်ရင်ခုန်နိုင်ကြပါပြီ။
 


Follow us on