1. Home
  2. Special or Others

နာမည်ကျော် ဘောလုံးကစားသမား ခရစ်စတီနိုရော်နယ်ဒို၏ Facebook ပေါ်က ပုံအတွက် ပရိသတ်ဝေဖန်မှုခံနေရ

Special or Others ต.ค. 20, 2559 view 1,713
ရီးရယ်မတ်ဒရစ်အသင်း၏ ကစားသမားတစ်ဦးဖြစ်သူ ခရစ်စတီနိုရော်နယ်ဒိုသည် အောက်တိုဘာလ ၂၀ ရက်နေ့နံနက်ပိုင်းက သူ၏ လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာပေါ်ကနေ ဓါတ်ပုံတစ်ပုံတင်၍ “Good morning” ဟု သူ၏ပရိသတ်များကို နှုတ်ဆက်ခဲ့ခြင်းဖြစ်သည်။
 
 
အဆိုပါဓါတ်ပုံမှာ ဗုဒ္ဓမြတ်စွာဘုရား၏ ဦးခေါင်းတော်ရုပ်တုကို သူ၏ခြေထောက်တင်လျက် အားကစားဝတ်စုံဝတ်ဆင်ထားသည့်ပုံကြောင့် ပရိသတ်များ ဒေါသထွက်ခဲ့ကြသည်။ ထင်မြင်ချက် comment ပေးသူ ၈,၀၀၀ နီးပါးရှိခဲ့ပြီး အားလုံးနီးပါက သူ၏လုပ်ရပ်အပေါ် စိတ်ပျက်မိကြောင်း၊ ရှက်စရာကောင်းကြောင်းနှင့် အခြားသူ၏ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားကို ယခုကဲ့သို့ မထီမဲ့မြင်ပြုလုပ်ခြင်းသည်ကြောင့် မည်မျှပင်တော်နေစေကာမှု အထင်ကြီးစရာလုံးဝမရှိသောသူ၊ အနှစ်မရှိသောသူအဖြစ် ဝိုင်းဝန်ဝေဖန်ခဲ့ကြပြီး အချို့က သူ၏လုပ်ရပ်အတွက် သူ၏ပရိသတ်အဖြစ်မှ ရုပ်သိမ်းကြောင်း ဝင်ရောက်ရေးသားသွားခဲ့ကြသည်။
 
 
ဗုဒ္ဓဘာသာတို့ အထွဋ်အမြတ်ထားကိုးကွယ်ရာ  ဗုဒ္ဓ၏ မျက်နှာတော်၊ ကိုယ်လုံးတော် ထုဆစ်ထားသော ပုံများ၊ ရုပ်များကို အနောက်တိုင်းသားအများစုက အလှဆင်ရုပ်ဝတ္ထုတစ်ခုသဖွယ် သဘောထားနေခြင်းက  ဗုဒ္ဓဘာသာဝင်များအတွက် မကြာခဏစိတ်အနှောက်ယှက် ဖြစ်ကြရသော မြင်ကွင်းတစ်ခု ဖြစ်နေသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။  မည်သည့်ဘာသာဝင်မဆို တစ်ဦးကိုတစ်ဦး အပြန်လှန်လေးစားမှုနှင့် ပြုမှုဆက်ဆံနေထိုင်ကြမည်ဆိုပါက ဤကမ္ဘာမြေပေါ်တွင် ဘာသာရေးကြောင့်ဖြစ်သော စစ်များ ဆိတ်သုဉ်းသွားကြပေလိမ့်မည်။ ထိုနေ့ကိုလည်း ကမ္ဘာသားအားလုံးက မျှော်လင့်လျှက် ရှိနေကြသည်။
 
ခရစ်စတီနိုရော်နယ်ဒို၏ လုပ်ရပ်သည် ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ဗုဒ္ဓဘာသာဝင် ကမ္ဘာသူ ကမ္ဘာသားများအားလုံး၏ စိတ်နှလု့းကိုတော့ ထိခိုက်စေပါသကဲ့သို့ ကာယကံမှုပြုသည့် သူကိုယ်တိုင်အတွက်လည်း….။
 


Follow us on