1. Home
  2. Myanmar News

ရေယာဉ်နစ်မြုတ်မှုအတွက် ဝမ်းနည်းကြောင်း စစ်ကိုင်းတိုင်းအစိုးရ ထုတ်ပြန်ပြီး ထောက်ပံ့မှုးများပေးခဲ့

Myanmar News ต.ค. 21, 2559 view 1,610
စစ်ကိုင်းတိုင်း ကနီမြို့နယ် မီးချောင်းတွင်းကျေးရွာအနီး ချင်းတွင်းမြစ်ထဲတွင် နစ်မြုတ်ခဲ့သော အောင်စိုးမိုးကျော်(၂) ရေယာဉ်နစ်မြုတ်မှုကြောင့် သေဆုံးသွားရသူများအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းမိပါကြောင်း ကြေငြာချက်တစ်စောင်ကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်မှ ထုတ်ပြန်ကြေငြာခဲ့ကြောင်း သတင်းရရှိသည်။
 
ကြေငြာချက်တွင် အောက်တိုဘာ ၁၅ ရက်က ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ ပြေးဆွဲသော အောင်စိုးမိုးကျော်(၂)  ရေယာဉ်နစ်မြုပ်ရတွင် အသက်ရှင်ကျန်ရစ်သူ ၁၅၄ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး ၁၅၀ ကျော် သေဆုံးပျောက်ဆုံးခြင်းအတွက် အထူးပင်ဝမ်းနည်းရပါကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသက်ရှင်လွတ်မြောက်ခဲ့သူ ၁၅၀ ကျော်ကို တစ်ဦးလျှင် ငွေကျပ် ၂ သောင်းနှုန်းကူညီထောက်ပံခဲ့သည်။
 
ရေယာဉ်နစ်မြုတ်ရာမှ ပြန်လည်လွတ်မြောက်လာသော အဝေးသင်ကျောင်းသား ၃၄ ဦး နှင့် သေဆုံးခဲ့သူ ၁ ဦးတို့အတွက် ထောက်ပံ့ကြေးငွေ ၆၆ သိန်းကျပ်ကို မုံရီာတက္ကသိုလ်၊ Asia World နှင့် အထက်ချင်းတွင်း ရှမ်းတိုင်းရင်သားများ ရွှေလုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်း၍ အောက်တိုဘာလ ၂၀ ရက်နေ့၌ မုံရွာတက္ကသိုလ်တွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
 
ကျန်ရစ်သူ ကျောင်းသား ကျောင်းသူများအတွက် ပညာရေးနှင့် ပက်သက်သော နေရေးထိုင်ရေးမှအစ အခက်အခဲများကို ကူညီသွားမည်ဟုလည်း မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်က ပြောကြားခဲ့သည်။
အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုတ်မှုနှင့် ပက်သက်၍ ရေယာဉ်အသင်းမှ ထိရောက်သော ပံ့ပိုးကူညီမှုများ မရှိသေးကြောင်း သတင်းရရှိပါသည်။
 
Credit:DVB
Photo:ဧရာဝတီ
 


Follow us on