1. Home
  2. Movie Stars - Celebrity

ဆင်းရဲ ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီပေးချင်တဲ့ အလှမယ် Ja Dim Kai

Movie Stars - Celebrity ต.ค. 21, 2559 view 1,607

Miss Universe Myanmar 2017 ပြိုင်ပွဲမှာ 2nd Runner Up ရရှိခဲ့သူကတော့ မြစ်ကြီးနားမြို့ကိုယ်စားပြု အလှမယ် ဂျာဒင်ကိုင်ဟာ ရှေ့ဆက်ပြီး မော်ဒယ်တစ်ယောက်အနေနဲ့ ရပ်တည်သွားမှာဖြစ်ပြီး ပရဟိတအလုပ်တွေကိုလည်း တတ်နိုင်သလောက် လုပ်ဆောင်သွားမှာလဲ ဖြစ်ပါတယ်။

" ဝေးလံခေါင်သီတဲ့ နေရာတွေမှာ တအားဆင်းရဲ ဒုက္ခရောက်နေတဲ့ သူတွေရဲ့ ရှေ့ မှာ ကျွန်မမားမားမတ်မတ်ရပ်တည်ချင်တယ်။ သူတို့ကို တစ်ဖက်တစ်လမ်းက ကူညီပေးချင်ပါတယ်" လို့ အလှမယ် ဂျာဒင်ကိုင်က ပြောခဲ့ ပါတယ်။ ဒီပြိုင်ပွဲမှာ မထင်မှတ်ဘဲ 2nd Runner Up ဆုကို ရရှိတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိကြောင်းကိုလည်း ပြောထားပါတယ်။

" ရှေးဦးစွာ ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးကို ချီးမွမ်းတယ်။ ညီမထင်လည်း မထင်ထားဘူး။ ခုလိုမျိုး ဆုရတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ မစိုးယုဝေကို ကျေးဇူးတင်တယ်။ ပရိသတ်တွေကိုလည်း တအား ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေ ကြောင့် ဒီအချိန် ဒီနေရာမှာ ရပ်တည်နိုင်တာပါ။ ပရိ သတ်တွေသာ မရှိရင် ကျွန်မဘယ်လောက်ပဲ ကြိုးစား ကြိုးစားအားရှိမှာမဟုတ်ပါဘူး။ ပရိသတ်က Miss Universe Myanmar 2017 ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရင်း အမှတ်တရ ကောင်းတွေများစွာလည်းရရှိခဲ့ပါ” လို့ ပြောသွားခဲ့ပါတယ်။

Credit:popular



Follow us on