1. Home
  2. Movie Stars - Celebrity

အခမဲ့ဖျော်ဖြေပွဲပြုလုပ်မယ့် ပိုပို

Movie Stars - Celebrity ต.ค. 21, 2559 view 1,631

‘အလွမ်းသီချင်းကြိုက် တဲ့ ရေဒီယို’ ဒီဗီဒီကို နိုဝင်ဘာ ၅ ရက်တွင် ညနေ ၅ နာရီကနေ ၇ နာရီအထိ လက်မှတ် ထိုး စတင်ဖြန့်ချိမှာ ဖြစ် ပြီး ညနေ ၇ နာရီကနေ ၉ နာရီထိ Free Show ကန်တော် ကြီးမျှော်စင်ကျွန်းမှာ အခမဲ့ဖျော် ဖြေပွဲပြုလုပ်မှာဖြစ်ပါတယ်။

အခွေမှာ နာမည်ကြီး သရုပ်ဆောင်မော်ဒယ်များစွာပါဝင်ထားပြီး ကိုယ်တိုင် ဒါရိုက်တာလုပ် ထားတာတော့ သုံးလေးပုဒ် လောက်ပါတယ်။ အော်ဒီယို စီဒီထွက်ရှိချိန်က သီချင်းဆယ့်လေးပုဒ်မှ တစ်ပုဒ်ကို ဖြုတ်၍ ၎င်းကိုယ်တိုင် ရေးသား ထားသည့် သီချင်းအသစ်တစ်ပုဒ် ကို Bonus Track အနေဖြင့် လဲထည့်ပေးထားပါတယ်။

‘‘ကြွေပြီလေ အိုင်းစ်ဆိုတဲ့ သီချင်းလေး။ သီချင်းက အမြူး လေး။ အခုခေတ် ဖေ့စ်ဘွတ်ခ်မှာ ဗန်းစကားအနေနဲ့ ကောင်လေး တွေကိုမြင်ရင် ‘ကြွေပြီလေ အိုင်းစ်’ဆိုတဲ့ဟာလေးကို ရေးဖြစ်သွား တာ။ တစ်ခွေလုံးနဲ့လည်း မတူတဲ့ ပုံစံလေးမိုလို့ ထည့်ဖြစ်သွားတာ။ အဲဒီသီချင်းကို မော်ဒယ်ယောက်ျားလေးတွေအများကြီးနဲ့ ရိုက်ထား ပါတယ်’’လို့လဲ ပြော့ပြထားပါတယ် ။

အခွေကို ပြည်ပတွင် သွားရောက်ရိုက်ကူးခဲ့ပြီး နေ ရာဒေသတော်တော်များများတွင် သွားရောက်ရိုက်ကူးထားပြီး ကြည့်ရသည့် ပရိသတ်များအ တွက် ထိုက်တန်အောင် ကြိုးစား ၍ ပုံဖော်ထားပါတယ်လို့လဲ ပြောထားပါတယ်။

Credit:7Day daily



Follow us on