1. Home
  2. Movie Stars - Celebrity

ဖမ်းဆီးချုပ်နှောင်ရန်စေခိုင်းမှုဖြင့် အမှုဖွင့် ခံထားရတယ်လို့ သတင်းထွက်လာတဲ့ သရုပ်ဆောင်

Movie Stars - Celebrity ต.ค. 21, 2559 view 1,548

သရုပ်ဆောင်လွင်မိုး နဲ့ အပေါင်းအပါ နှစ်ဦးကို လူသုံးဦးအား ဖမ်းဆီးချုပ်နှောင်ရန်ခိုင်းစေမှုဖြင့် အောက်တိုဘာလ 14 ရက်တွင် အမှုဖွင့် ထားပါတယ် လို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ် တရားရုံး မှာ အမှုစွဲဆို၍ အငြင်းပွားနေသော ကွင်း အမှတ် (၁၇၆ -က ) ဇရပ်ကွင်း ဦးပိုင် အမှတ် ( N / 363 ) ရှိ ခြံတွင် မန်နေဂျင်း ဒါရိုက်တာ ဦးစောနေဗလု ရဲ့ တာဝန်ပေးချက် ခြံစောင့် အလုပ်သမားများဖြစ်ကြတဲ့ နေမင်း ၊ အရှည်ကြီး ၊ ဦးကရင်တို့ကို အောက်တိုဘာ ၁၃ ရက်နေ့ ည ၁၀ လောက်က လက်နက်ကိုင်လူ တစုက လာရောက်ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါ တယ်။

ဖမ်းဆီးခေါ်ဆောင်ရန်အတွက် ခိုင်းစေသူမှာ သရုပ်ဆောင် လွင်မိုး ၊ ကင်မွန်းချောင်း ကျေးရွာ နေသူ ဦး ကျော်သူရလှိုင် နှင့် ဦးစိန်အောင်မင်း တို့ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ နောက်တနေ့ နံနက် 9 နာရီခန့်မှာ အဖမ်းခံ ရသူ ၃ဦးထဲ့ က တစ်ဥိး ရဲ့ အကြောင်းကြားချက် အရ ဘားအံမြို့တွင် ချုပ်နှောင်ထားကြောင်း ဦးစောနေဗလု ကိုယ်တိုင် ဘားအံတွင် လာရောက်ဖြေရှင်းမှသာ ပြန်လွှတ်ပေးမယ် ဖြစ်ကြောင်း အကြောင်းကြားခဲ့ပါတယ်။

ထို့ကြောင့် ဦးစောနုဗလု က တရားလို ပြုလုပ်ပြီး ၄င်းရဲ့ အလုပ်သမား ၃ဦးကို ဖမ်းဆီးချုပ်နှောင်သူ လက်နက်ကိုင်တစုနဲ့ ခိုင်းစေသူ ၃ယောက်ကို အမှုဖွင့် ထားပြီး စုံစမ်း စစိဆေးမှုတွေ ထပ်မံ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ ။

 

Credit: Myanmar update news agency 



Follow us on