မိမိတို့နေထိုင်ရာ ရပ်ကွပ်၊ မြို့နယ် ပတ်ဝန်းကျင်အတွင်း မသင်္ကာစရာလူစိမ်းများကို တွေ့ရှိပါက အရေးပ်ါဖုန်းနံပါတ် ၁၉၉ နှင့် ၀၁-၂၃၂၃၁၉၉ သို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားကြရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက ရန်ကုန်မြို့ပေါ်ရှိ မြို့နယ်နေရာနှစ်ခုတွင် ခိုးဝင်ဘင်္ဂါလီလူမျိုးများ တစ်ရက်ထဲ ဆက်တိုက်ဖမ်းဆီးရမိမှုနှင့် ဆက်လျဉ်း၍ ယခုကဲ့သို့ သတိပေးနှိုးဆော်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ ၂၂ ရက်နေ့က တောင်မွေမြို့နယ် အရိုးကုန်းရပ်ကွပ်တွင်းမှ ဘင်္ဂါလီလူမျိုး (၄)ဦး နှင့် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့တွင် ဘင်္ဂါလီလူမျိုး (၁၇)ဦးတို့ကို ဆက်တိုက်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ အထောက်ထားမဲ့ ခိုးဝင်လာသော ဘင်္ဂါလီလူမျိုးကို ပွဲစားများမှ အခကြေးငွေ ဆယ်သိန်းအထက်ယူကာ ရန်ကုန်မြို့သို့ ခေါ်ဆောင်ခဲ့ပြီး ရန်ကုန်မှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်အောက်လမ်းနည်းဖြင့် ပို့ဆောင်ရန် စီစဉ်ထားကြောင်းသိရှိရပြီး ခေါ် ဆောင်လာခဲ့သူ ပွဲစားများအား ဖမ်းဆီးမိနိုင်ရန် စုံစမ်းလျှက်ရှိပြီး ခိုးဝင် ဘင်္ဂါလီလူမျိုးများကို လ.ဝ.က ဥပဒေ ၆(၂)/၆(၃) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
သို့ဖြစ်ပါ၍ မိမိတို့နေထိုင်ရာ ရပ်ကွပ်၊ မြို့နယ် ပတ်ဝန်းကျင်အတွင်း မသင်္ကာစရာလူစိမ်းများကို တွေ့ရှိပါက အရေးပ်ါဖုန်းနံပါတ် ၁၉၉ နှင့် ၀၁-၂၃၂၃၁၉၉ သို့ အမြန်ဆုံးအကြောင်းကြားကြရန် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ညွှန်ကြားထားပါသည်။
Ref:TheVoice