1. Home
  2. Myanmar News

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အချို့တွင် စီစီတီဗီကင်မရာများ တပ်ဆင်မည်

Myanmar News ต.ค. 24, 2559 view 1,575
မှုခင်းကျဆင်းရေးနှင့် ရဲလုပ်ငန်းများ စီစဉ်ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေထိရောက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်အချို့ကို ထောက်ပံ့ငွေ ကျပ်သိန်း (၁၀၀) စီပေးအပ်ခဲ့ပြီး အဆိုပါ ထောက်ပံ့ငွေဖြင့် ယင်းမြို့နယ်များတွင် စီစီတီဗီကင်မရာများ တပ်ဆင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
အစိုးရသစ်လက်ထက်တွင် မှုခင်းကျဆင်းရေးစီမံချက်ဖြင့် ရန်ကုန်တိုင်းအတွင်း အမှုအခင်းဖြစ်ပွားမှု အများဆုံးဖြစ်သည့် လှိုင်သာယာ၊ သန်လျင်၊ ဒဂုံတောင် နှင့် ကမာရွတ်မြို့နယ်များကို ကျပ်သိန်း (၁၀၀)စီ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါထောက်ပံ့ငွေများကို အသုံးပြုကာ ရဲလုပ်ငန်အတွက်လိုအပ်သော ယာဘီရွက်ဖျင်တဲ၊ ထိုင်ခုံ၊ လက်နှိပ်ဓါတ်မီး အစရှိသော အသုံးဆောင်ပစ္စည်းများကို ဖြည့်တင်းကာ လူထုနှင့် ရဲတပ်ဖွဲ့ပူးပေါင်း၍ ကင်းလှည့်ခြင်း၊ ကင်းစောင့်ခြင်းတို့ စီမံချက်ချ ဆောင်ရွက်ခဲ့ရာတွင် မှုခင်းများ သိသိသာသာကျဆင်းခဲ့ကြောင်း သတင်းရရှိသည်။ 
 
မြို့နယ်တိုင်းတွင် စီစီတီဗီကင်မရာတပ်ဆင်ခြင်းဖြင့် မှုခင်းဖြစ်ပွားမှုကို ထိန်းချုပ်နိုင်သကဲ့သို့၊ မှုခင်းဖြစ်ပွားခဲ့ပါက တရားခံကိုလည်း လွယ်ကူလျှင်မြန်စွာ ဖမ်းဆီးအရေးယူနိုင်မည်ဖြစ်သော်လည်း နေရာတိုင်းတွင် စီစီတီဗီတပ်ဆင်ရန် ငွေကြေးလိုအပ်ချက်ရှိနေသေးကြောင်း သိရှိရသည်။
 
Ref:TheVoice
Photo:Illustration
 


Follow us on