1. Home
  2. Myanmar News

မိုင်းလားနယ်မြေရောက် “ဝ” တပ်ဖွဲ့များ အမြန်ဆုံး တပ်ပြန်ဆုတ်ဖို့ တပ်မတော်ညွှန်ကြားထား

Myanmar News ต.ค. 24, 2559 view 1,878
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ အတွင်း ရောက်ရှိတပ်စခန်းချထားသော “ဝ” တပ်ဖွဲ့များအားလုံး အောက်တိုဘာ ၂၄ ရက်နောက်ဆုံးထားကာ တပ်ဆုတ်ပေးဖို့ တြိဂံတိုင်းစစ်ဌာနချုပ်မှ ညွှန်ကြားထားကြောင်း သတင်းရရှိသည်။
 
ကျနော်တို့ဆီ သတင်းရောက်တာ မနေ့ကပါ။ သတင်းရောက်တာ မကြာသေးဘူး မနေ့က တိုက်လေယာဉ် နှစ်စီးလာတယ်။ ဒီနေ့ ၄ စီးလာဝဲတယ်။ ကျနော်တို့က ကျနော်တို့ မဟာမိတ် အတွက်ကော ကျနော်တို့အတွက်ကော နယ်မြေလုံခြုံရေးအရ ရောက်လာတာဖြစ်တယ်။ ၂၀၀၉ ကတည်းကဘဲ။ အခုမှ မဟုတ်ဘူး။ အထက်အမိန့်မရရင် ပြန်လို့မရဘူး။ ဒီကနေ့အထိတော့ အထက်က ဘာမေပြောမလာ သေးဘူး” - ဟု မိုင်းလားနယ်မြေအတွင်းရောက်ရှိနေသည့် “ဝ” တပ်မှူးလော်ဆိုင်းနပ်က ပြောသည်။
 
 
အောက်တိုဘာ ၂၃ ရက်နေ့ ယနေ့ မွန်းလွဲ ၂ နာရီ အချိန်မစ၍ မိုင်းလာနယ် နှင့် ကျိုင်းတုံနယ်ကြား အကြီးဆုံး နယ်ခြားဂိတ် တာ့ပင်းတံတားစခန်းမှ အစိုးရတပ်မတော်မှ သွားလာခွင့်အားလုံးပိတ်လိုက်ကြောင်း၊ အဆိုပါ တာ့ပင်းဂိတ်တွင် တပ်မတော် မှ သံချပ်ကာကား၊ တင့်ကား စုစုပေါင်း ၁၅ စီး အပြင် လက်နက်ကြီးများလည်း အသင့် အနေအထား ပြင်ဆင်မှု ပြုနေကြောင်း တာ့ပင်းဂိတ် နှင့် နီးစပ် သည့် အသိုင်းအဝိုင်းက ပြောသည်။
 
အောက်တိုဘာ ၂၂ ရက်နေ့ ဒေသ စံတော်ချိန် နံနက် ၁၀ ခွဲ အချိန်တွင် “ဝ” တပ်ဖွဲ့ထိန်းချုပ်ထားသည့် အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့ပိုင် လွယ်ကျူဆိုင်း၊ လွယ်ဆမ်ဆုံ နှင့် မိုင်းမတပ်စခန်းအပေါ် တပ်မတော် စစ်လေယာဉ် ၂ စီး လာရောက်ပျံဝဲကြောင်း၊ ယနေ့ အောက်တိုဘာ ၂၃ ရက် မွန်းလွဲပိုင်း တွင် ၄ စီး အဆိုပါဒေသဘက် ထပ်မံလာရောက်ပျံဝဲကြောင်း၊ မိုင်းလားတပ်ဖွဲ့၏ တပ်မဟာ ၉၁၁ နမ့်ပန်း ဘက်ရှိ မိုင်းလားတပ်စခန်းများပေါ်တွင်လည်း နှစ်စီး လာရောက်ပျံဝဲကြောင်း မျက်မြင်များကပြော သည်။
 
တိုက်လေယာဉ် တခါ လာရင် ၄-၅ ပတ်ဘဲ။ ဒီကလူထုတွေလဲ ကြောက်နေကြတယ်။ ဘယ်ကို ထွက်ပြေးရမလဲမသိဘူး။ တရုတ်နယ်စပ်နဲ့လဲ ဝေးတယ်လေ” ဟု ဒေသခံ အကြီးအကဲ တဦးကပြောသည်။
 
ထို့အတူ ထိုင်းနယ်စပ်ရှိ တောင်ပိုင်း “ဝ” တပ်ဖွဲ့အား တပ်စခန်းအချို့ ကျူးကျော် တပ်ချ သည်ဟု မိုင်းဆတ်ခရိုင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ မှ စွပ်စွဲ ထားသည်။ မိုင်းဆတ်မြို့နယ် ဘက်တွငလည်း အစိုးရတပ်မတော် မှ စစ်ဆေးပြင်ဆင်မှုများ ရှိနေကြောင်းလည်းတောင်ပိုင်း “ဝ” တပ်ဖွဲ့ အရာရှိတဦးကပြောသည်။
 
“ဝ” ပြည်သွေးစီးညီညွတ်ရေးတပ်မတော် UWSA သည် ၂၁ ရာစု ပင်လုံညီလာခံတက် မိုင်းလားခေါင်းဆောင် အပေါ် မကျေနပ်မှုကြောင့် ၎င်းတို့မဟာမိတ်အပေါ် ချိုးဖေါက်ကာ စစ်အင်အား အလုံးအရင်းဖြင့် စစ်တင်ဘာ ၂၈ ရက်နေ့က မိုင်းလားတပ်၏ လွယ်ဆမ်ဆုံစခန်း၊ လွယ်ကျူဆိုင်း စခန်း၊ ဝမ့်နောင်ဟုတ်စခန်းအား ကျူးကျော်တပ်စချရာမှ အစိုးရတပ်မတော်ဘက်မှ အကြောင်းရှာခွင့်ရကာ “ဝ” တပ်ဖွဲ့အပါ် စစ်ရေး ဖိအားပေးမှု ပြုလာခြင်းဖြစ်သည်ဟု ဗမာပြည်ကွန်မြူနစ်တပ်ဖွဲ့ဝင်ဟောင်း ဦးစိုင်းဆိုငသုံးသပ်ပြောဆိုသည်။
 
Credit:သျှမ်းသံတော်ဆင့်


Follow us on