1. Home
  2. Special or Others

ဓါတ်လှေခါးထဲ ၅ နာရီကြာပိတ်မိခဲ့တဲ့အချိန် အိမ်စာထိုင်လုပ်နေခဲ့တဲ့ ကျောင်းသား

Special or Others ต.ค. 24, 2559 view 2,343
မည်သူမဆို ဓါတ်လှေခါးထဲမှာ တစ်ယောက်ထဲ ရုတ်တရက် ပိတ်မိနေခဲ့မယ်ဆိုရင် ကြောက်လန့်တကြား အော်ဟစ်အကူညီတောင်းမှာ မလွဲပါဘူး။ ဒါပေမယ့် တရုပ်နိုင်ငံ ဟာဘင်မြို့က ၁၃ နှစ်အရွယ် ကျောင်းသာတစ်ဦးက ဓါတ်လှေခါးထဲ ပိတ်မိနေချိန်မှာ အေးအေးဆေးဆေးနဲ့ သူ့ရဲ့ကျောင်းက အိမ်စာတွေကို ထိုင်လုပ်နေခဲ့ပါတယ်။
 
ဓါတ်လှေခါးထဲပိတ်မိစဉ်က ပထမတော့ သူဟာ ဓါတ်လှေခါးထဲက အရေးပေါ်စကားပြောစက်(အင်တာကွန်း) နဲ့ လှမ်းဆက်သွဘ်ကြည့်ပါသေးတယ်၊ ဒါပေမယ့် တစ်ဖက်က သူ့ကို တုံ့ပြန်ပြောကြားမယ့်သူမရှိပါဘူး။ ဓါတ်လှေခါးတံခါးပွင့်ဖို့ ဘုရားရှစ်ခိုး ဆုတောင်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ အေးဆေးထိုင်စောင့်နေတော့မယ်လို့ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ ထို့နောက် “ဓါတ်လှေခါးထဲမှာ ပိတ်မိနေပါတယ်၊ တာဝန်ရှိသူတွေကို ဆက်သွယ်ပေးကြပါ” ဆိုတဲ့ စာလေးရေးပြီး ဓါတ်လှေခါး တံခါးအောက်ကနေ အပြင်ကို လျောထုတ်ခဲ့ပါတယ်။
 
အဲသည်နောက်မှာတော့ သူ့ရဲ့ ကျောင်းကပါလာတဲ့ အိမ်စာတွေကိုပဲ ထိုင်လုပ်နေခဲ့တာ သူ့ကိုကယ် လာကယ်ဆယ်ရေးအဖွဲ့တွေ လာကယ်ကြတဲ့အထိပါပဲ၊ သူဟာ ဓါတ်လှေခါးထဲမှာ ၅ နာရီခန့်ကြာ တစ်ဦးထဲ ပိတ်မိနေခဲ့ပါတယ်။
 


Follow us on