1. Home
  2. Special or Others

အော်ကြီးဟစ်ကျယ်အသံထွက် လိင်ပျော်ပါးလို့ ယွမ်ငွေ ၁၅,၀၀၀ ရသွားသူ

Special or Others ต.ค. 24, 2559 view 1,632
တရုပ်ပြည်မှာ လိင်ပျော်ပါးစဉ် အသံကျယ်ကျယ်ထွက်မိလို့ အမျိုးသားတစ်ဦးကို အခန်းတွင်းမှ ဆွဲထုတ်ကာ ထိုးကျိတ်ရိုက်နှက်မှု အောက်တိုဘာ ၁၃ ရက်နေ့ ဝေလီဝေလင်း အချိန်တွင် ဖြစ်ပွားခဲ့သည်။
 
ဂေါင်ဇီမြို့ရှိ ဘယ်ဟိုင်း ဟိုတယ်တွင် စီးပွားရေးသမားများ အဖွဲ့တစ်ဖွဲ့က အစည်းအဝေးတစ်ခု တက်ရောက်ရန်လာရောက်တည်းခိုနေထိုင်ကြပြီး ညဖက်အိပ်နေကြစဉ်တွင် အဖွဲ့ထဲမှ “ရှန်း” ဆိုသူ အမျိုးသားတစ်ဦး ဆူဆူညံညံအသံမျာူကြောင့် လန့်ဖျတ်ကာနိုးလာခဲ့သည်။ အဆိုပါအသံမှာ တစ်ဖက်အခန်းမှ လိင်ပျော်ပါးနေသော အသံဖြစ်သည့်အတွက် “ရှန်း” က ဒေါသဖြစ်ပြီး အိပ်ယာထဲမှ ထွက်ကာ တစ်ဖက်အခန်း၏ တံခါးကို စောင့်ကန်အော်ဟစ်ပြီး အဆိုပါ စုံတွဲကို သတိပေးခဲ့သည်။
အခန်းတွင်းမှ “လီ” ဟုခေါ်သော အမျိုးသားကလည်း ဆဲဆိုကာ ပြန်လည်အော်ဟစ်ခဲ့သည်၊ အပြင်က ဆူဆူညံညံအသံများကြောင့် “ရှန်း” ၏ အဖော်များပါနိုးလာကာ တံခါးကို ဝိုင်းဝန်းစောင့်ကန်ဖွင်ပြီး “လီ” ကို အခေန်းထဲကနေ ဟိုတယ်ခန်းမဆောင်ထဲထိ ဆွဲခေါ်သွားကြပြီး အမျိုးသားနှစ်ဦး ထိုးကျိတ်ခဲ့ကြသည်။ အာဏာပိုင်များရောက်လာမှသာ ရန်ပွဲရပ်ခဲ့ကြသည်။
 
နောက်ဆုံးမှာတော့ “ရှန်း” က သူ့ရဲ့ ဒေါသဖြင့် တုံပြန်မှုကလွန်သွားကြောင်းဝန်ခံသွားခဲ့ပြီး “လီ” ကို ယွမ်ငွေ ၁၅,၀၀၀ လျော်ကြေးပေးခဲ့ရပါတယ်။
 


Follow us on