1. Home
  2. Special or Others

ဓါတ်လှေကားထဲ ဆေးလိပ်မသောက်ဖို့ပြောတဲ့ အမျိုးသမီးကို ရက်ရက်စက်စက်ထိုးကျိတ်ခဲ့သူ

Special or Others ต.ค. 24, 2559 view 1,590
တရုပ်နိုင်ငံ ဟီဘီးဒေသမှာရှိတဲ့ လန်ဖန်းအဆောက်အဦတွင် အမျိုးသမီးတစ်ဦးက သူမ၏ကလေးငယ်လေးနှင့်အတူ ဓါတ်လှေကားတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် အမျိုးသားတစ်ဦးကလည်း ဝင်ရောက်၍ အတူစီးနင်းခဲ့သည်။ အဆိုပါအမျိုးသားက ဓါတ်လှေကားအတွင်း ဆေးလိပ်ဆက်သောက်နေသဖြင့် အမျိုးသမီးက ဆေးလိပ်မသောက်ရန် တားမြစ်ရာမှ အမျိုးသားက မထင်မှတ်ပဲ သူမကို ကလေးရဲ့ရှေ့မှာတင် ရက်ရက်စက်စက် ထိုးကျိတ်ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။
 
သူမကပြန်လည် တုံ့ပြန်ပြီး လိုက်လံဖမ်းဆီးဖို့ကြိုးစားပေမယ့် သူမရဲ့သားလေးက ဓါတ်လှေကားထဲ ပိတ်မိနေခဲ့တာကြောင့် ဆက်မလိုက်နိုင်ပဲ ဖြစ်ခဲ့ရပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့က ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး အဆိုပါအမျိုးသားကို ရဲအဖွဲ့က ရှာဖွေလျှက်ရှိပါတယ်။
 


Follow us on