1. Home
  2. Special or Others

သူတောင်းစားဘဝမှ ကိန်းဘရစ်ခ်ျတက္ကသိုလ် ကျောင်းသားဖြစ်လာသူ

Special or Others ต.ค. 24, 2559 view 1,638
“ဂျရာဗဲလ်” ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ အိန္ဒိယက လမ်းတွေပေါ်မှာ တောင်းစားနေရပေမယ့် ပညာရေးမှာ ထူးချွန်အောင် ကြိုးစားခဲ့တာကြောင့် သူ့ရဲ့အိမ်မက်တွေအတိုင်း အင်္ဂလန်နိုင်ငံက ကိန်းဘရစ်ခ်ျတက္ကသိုလ်ကြီးမှာ ပညာသင်ခွင့်ရှိခဲ့ပါတယ်။
 
၁၉၈၀ ခုနှစ်များလောက်က သူတို့ရဲ့ သီနှံခင်းတွေပျက်ပြီး သူ့ရဲ့မိသားစုတွေနဲ့အတူ “ဂျရာဗဲလ်” ဟာ နယ်လိုရီမြို့ကနေ ချနိုင်းမြို့ကို ပြောင်းရွေ့ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲသည်အချိန်ထဲကစပြီး သူအသက် ၂၂ နှစ်အရွယ်ထိ လမ်းမတွေပေါ်မှာပဲ နေထိုင်ခဲ့ကြရပါတယ်။
 
 
မိုးတွေရွာတဲ့အခါ ကျနော်တို့တွေ နီးစပ်ရာ ဆိုင်အမိုးအကာတွေအောက် ဝင်နေကြရတာပါပဲ ရဲတွေလိုက်မဖမ်းခင်အထိပေါ့” ဟု သူက ဆိုပါတယ်။
၁၉၉၉ ခုနှစ်မှာတော့ ပရဟိတ အန်ဂျီအိုအဖွဲ့ (Uma Muthuraman, Suyan Charitable Trust) ကနေတစ်ဆင့် ပညာကို သေသေချာချာ သင်ယူခွင့်ရခဲ့ပါတယ်။ သူဟာ ၁၂ တန်းကို ထူးထူးချွန်ချွန် အောင်မြင်ခဲ့ပြီးတဲ့နောက်မှာ ကိန်းဘရစ်ခ်ျ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုလည်း လွတ်လွတ်ကျွတ်ကျွတ် အောင်မြင်ခဲ့ပါတယ်။
 
 
မော်တော်ကား စွမ်းဆောင်ရည်မြှင့်တင်မှုနည်းပညာ အင်ဂျင်နီယာဘာသာရပ်ကို တက်ရောက်ရန် “ဝေးလ်စ်” ပြည်နယ်က “ဂလွိုင်းတာ တက္ကသိုလ်” ရဲ့ ကမ်းလှမ်းခြင်းကိုလည်း ခံခဲ့ရပါတယ်။
“ဂျရာဗဲလ်” ဟာ သူ့ရဲ့ပညာရေးပြီးဆုံးချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့ လမ်းမတွေပေါ်က သူလိုဘဝတူသူတွေကို ဖေးမကူညီဖို့ ဆန္ဒပြင်းပျလျက်ရှိပါတယ်။    
 


Follow us on