
အဆိုတော် Katy Perry ဟာ နဗားဒါးပြည်နယ်ရဲ့ ပထမဆုံးမဲပေးရမယ့်နေ့မှာ လက်စ်ဗီးဂက်စ်ရှိ နဗားဒါးတက္ကသိုလ်က ကျောင်းသူကျောင်းသားတွေကို Hillary Clinton အတွက် လှုံ့ဆော်ပေးခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၂ ရက် နေ့လယ်မှာ Katy Perry ဟာ "Nasty Woman" လို့ရေးထားတဲ့ တီရှပ်ကို ဝတ်ဆင်ပြီး တံခါးလာခေါက်တဲ့အတွက် ကျောင်းသားတွေမှာ အံ့သြခဲ့ပါတယ်။ Nasty woman (အန္တရာယ်ရှိသောမိန်းမ) ဆိုတာက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ Hillary Clinton နဲ့ စကားရည်လုပွဲမှာ ထရန့်က ရေရွတ်ခဲ့တဲ့ စကားလုံးဖြစ်ပါတယ်။

Katy Perry ဟာ နဗါးဒါး ဒီမိုကရက်တစ်အမတ်လောင်း ကက်သရင်းကော့တက်စ်မက်စတိုနဲ့အတူ ကျောင်းဝင်းထဲမှာ လှုံ့ဆော်စည်းရုံးခဲ့တာဖြစ်ပေမဲ့ ဘာသီချင်းမှ သီဆိုမသွားပါဘူး။ ကေတီပယ်ရီဟာ ၂၀၁၂ ခုနှစ်တုန်းကလည်း မဲစာရွက်အတိုင်း ပြုလုပ်ထားတဲ့ ဝတ်စုံကို ဝတ်ဆင်ပြီး ဘားရက်အိုဘားမားအတွက် လက်စ်ဗီးဂက်စ်မှာ လှုံ့ဆော်စည်းရုံးပေးခဲ့ပါသေးတယ်။

Credit:Duwun
comment