1. Home
  2. Myanmar News

နှစ်လအတွင်း ပြည်တွင်း ပြည်ပ အလုပ်အကိုင် ၆၅၀၀၀ ကျော် ရှာဖွေခန့်ထားနိုင်ခဲ့

Myanmar News ต.ค. 26, 2559 view 1,496
အစိုးရသစ်လက်ထက် သြဂုတ်နှင့် စက်တင်ဘာနှစ်လအတွင်း ပြည်တွင်းပြည်ပ အလုပ်အကိုင် ၆၅၀၀၀ ကျော်ကို ရှာဖွေခန့်ထားပေးနိုင်ခဲ့ကြောင်း အတွင်း အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ စာရင်းဇယားများအရ သိရပါတယ်။ 
 
ယခုနှစ်အတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်နေပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေးနှင့် အလုပ်ရှင်များ အတွက်လည်း အလုပ်သမား လုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေ ရေးရုံးများတွင် Labour Exchange Management System ဖြင့် အွန်လိုင်းမှ ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင် ပေးလျက်ရှိပါတယ်။
 
၂ဝ၁၆ ခုနှစ် စက်တင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေ တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက် ပြည်တွင်းအလုပ်အကိုင် ရ ရှိမှု စာရင်းအရ ပြည်ထောင်စုနယ်မြေ မှာ ၁၃၆ ဦး၊ အခြားတိုင်း ဒေသကြီးနဲ့ ပြည်နယ်အလိုက် အစိုးရ အလုပ်အကိုင် ၁၀၁၉ ဦး၊ ပုဂ္ဂလိက အလုပ်အကိုင် ၁၇၁၇၈ ဦး ရှိခဲ့ပါတယ်။
စက်တင်ဘာလအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှု အခြေအနေများမှာလည်း မလေးရှားနိုင်ငံ ၂၅၈၄ ဦး၊ စင်ကာပူနိုင်ငံ ၁၇ ဦး၊ ကိုရီးယားနိုင်ငံ ၆၆၉ ဦး၊ ထိုင်းနိုင်ငံ ၁ဝ ၄၉၃ ဦး၊ ဂျပန်နိုင်ငံ ၁၈၆ ဦး၊ ယူအေအီး ခြောက်ဦး၊ ကာတာနိုင်ငံ ၆၂ ဦး စုစုပေါင်း ၁၄ဝ၁၇ ဦး ဖြစ်တယ်လို့သိရပါတယ်။
 
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာလည်း ပြည်ပသို့ တရားဝင် အလုပ်သွားရောက် လုပ်ကိုင်သူ ၁၄၀၀၀ ကျော်နှင့် ပြည်တွင်းအလုပ်နေရာ ၁၈၈၀၀ ကျော်အား ခန့်ထားနိုင်ခဲ့ပါတယ်။ သြဂုတ်လ အတွင်း ပြည်တွင်းအလုပ်အကိုင် ရှိမှု ပြည်ထောင်စုနယ်မြေ အတွင်း ၈၅ ဦး၊တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် အစိုးရ အလုပ်အကိုင် ၁၇၀၃ ဦး ပုဂ္ဂလိက ၁၇၁၂၉ ဦး စုစုပေါင်း ၁၈၈၃၂၂၀၁၆ ဦး၊ ပြည်ပ အလုပ်အကိုင် ရ ရှိမှု အနေအထား နိုင်ငံအလိုက် မလေးရှား ၂၀၃၁ ဦး၊ စင်ကာပူ ၅ ဦး၊ ကိုရီးယား ၁၇၉ ဦး၊ ထိုင်း ၁၁၉၂၄ ၊ဂျပန် ၁၁၆ ဦး ၊ယူအေအီး ၉ ဦး၊ ကာတာ ၃ ဦး ရှိတယ်လို့ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားခဲ့ပါတယ်။
 
Credit:chinamyanmar
 


Follow us on