1. Home
  2. Special or Others

အိုလံပစ်အချက်အပြုတ်ပြိုင်ပွဲတွင် မြန်မာစားဖိုမှုးအဖွဲ့ ရွှေတံဆိပ်ရရှိ

Special or Others ต.ค. 26, 2559 view 1,675

ဂျာမဏီနိုင်ငံ ဖရန့်ဖတ်မြို့မှာကျင်းပတဲ့ IKA အိုလံပစ် အချက်အပြုတ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ စားဖိုမှုးအဖွဲ့ က ရွှေတံဆိပ်တစ်ခုနဲ့ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့တယ်လို့ မြန်မာနိုင်ငံစားဖိုမှုးများအသင်းကနေ သိရပါတယ်။ မြန်မာစားဖိုမှုးအဖွဲ့ဟာ အောက်တိုဘာလ(၂၃)ရက်နေ့က အချက်အပြုတ်အနုပညာပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုနဲ့ အီတလီခေါက်ဆွဲချက်ပြုတ်ပြိုင်ပွဲမှာ ကြေးတံဆိပ်ဆုကို ရရှိခဲ့တာပါ။ IKA အချက်အပြုတ်ဆိုင်ရာအိုလံပစ်ပြိုင်ပွဲမှာ မြန်မာစားဖိုမှုးအဖွဲ့အနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ပါဝင် ယှဉ်ပြိုင်ကာ အခုလိုဆုရရှိခဲ့တာ ဖြစ်ပါတယ်။

ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ စားဖိုမှုးတွေကတော့ ကိုဇင်မော်ဝင်း (ဟီလ်တန် ဟိုတယ်မြန်မာ)၊ ကိုသိန်းထူးအောင် (ရှန်ဂရီလာဟိုတယ်)၊ မမိုးမိုးခိုင်(စတားရီဆို့စ်) နဲ့ ကိုရွှေမိုးသာ (ရှန်ဂရီလာ ဟိုတယ်)တို့ဖြစ်ကြပါတယ်။ IKA အိုလံပစ် အချက်အပြုတ်ပြိုင်ပွဲကို ၁၈၉၆ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး World Association of Chefs' Societies(WACS) အသင်းကြီးရဲ့ အကြီးကျယ်ဆုံး ကမ္ဘာလုံးဆိုင်ရာ အချက်အပြုတ်ပြိုင်ပွဲငါးခုထဲက တစ်ခု ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးမှာ နိုင်ငံကိုယ်စားပြုအသင်း(၄၀)၊ စစ်ဘက် ဆိုင်ရာအသင်း(၂၀)၊ ဒေသဆိုင်ရာနဲ့ ပုဂ္ဂလိကအသင်းအဖွဲ့တွေနဲ့ တစ်ဦးချင်းပြိုင်ဆိုင်သူ နှစ်ထောင်ကျော် ပါဝင်ယှဉ်ပြိုင်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

Soure : Central News Bureau



Follow us on