1. Home
  2. Special or Others

မုဆိုးက သားကောင်ဖြစ်သွားရတဲ့ နေ့ခင်းကြောင်တောင် လုယက်မှု

Special or Others ต.ค. 26, 2559 view 1,641
မလေးရှားနိုင်ငံရဲ့ လမ်းမတွေက အန္တရာယ်များလှပါတယ်၊ နေ့ခင်းလင်းလင်းရှင်းရှင်းကြီးမှာတောင် လုယက်မှုတွေ မကြာခဏ ဖြစ်တတ်တဲ့ အတွက် အမျိုးသမီးများအတွက် လက်ကိုင်အိတ်တွေ ရွှေတွေဝတ်ဆင်ပြီး အဖော်မပါ တစ်ယောက်ထဲ လမ်းသွားပါက အလွန်အန္တရာယ်များလှပါတယ်။
 
သူတို့လုယက်ကြတဲ့ပုံစံက ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီးလာပြီး သူတို့ လုယက်မယ့် လူအနားကို ဖြည်းဖြည်းလေး ကပ်မောင်းလိုက်လာပြီး နောက်ကထိုင်လိုက်လာသူက ဆတ်ကနဲ ဆွဲယူလုပြီး အတင်းမောင်းပြေးတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
ကားရှေ့ခန်းကင်မရာကနေ အမှတ်မထင် လုယက်မှုတစ်ခုကို မှတ်တမ်းရခဲ့ပါတယ်။ နေ့အလင်းရောင်အောက်မှာ ကိုယ်ပိုင်ကားပေါ်က ဆင်းလာတဲ့ အမျိုးသမီးကို လူတစ်ယောက်က အတင်းဝင်လုယက်ခဲ့ပါတယ်၊ ဒါပေမယ့် ထင်သလိုတော့ ဖြစ်မလာခဲ့ပါဘူး၊ အမျိုးသမီးရဲ့ ခုခံတိုက်ခိုက်မှုကြောင့် လုယက်သူ မှောက်လဲကျသွားခဲ့ပါတယ် ဒါပေမယ့် နောက်တစ်ယောက်က ဆိုင်ကယ်ပေါ်မှ ဆင်းလာပြီး အမျိုးသမီးကို တိုက်ခိုက်ခဲ့ပါတယ်…
 
အဆိုပါဗီဒီယိုမှာ အားမလိုအားမရဖြစ်မိခဲ့တာကတော့ အမျိုးသမီးတစ်ယောက် လမ်းမအလယ်မှာ လုံးထွေးသတ်ပုတ် အလုယက်ခံရပေမယ့် ဗီဒီယိုရိုက်ထားတဲ့ ကားပေါ်က အမျိုးသားက ကားထဲမှသာ အော်ဟစ်နေခဲ့သလို နောက်ထပ်ကားတစ်စီး ထပ်ရောက်လာပေမယ့် မကူညီပဲ ကြည့်ရုံသာကြည့်နေကြတဲ့ အတွက် မလေးရှားနိုင်ငံရဲ့ လူမှုရေးခေါင်းပါးတဲ့ စိတ်ဓါတ်ဟာ အလွန်စိတ်ပျက်စရာကောင်းလှပါတယ်။
 
ဒါကြောင့် မလေးရှားနိုင်ငံမှာ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် နေထိုင်နေကြတဲ့ ပိုပိုလေး ပရိသတ်များလည်း အန္တရာယ်ကင်းစွာ သတိနှင့်နေထိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ရှေ့ဆက်အဖြစ်အပျက်များကို ဗီဒီယိုတွင် ကြည့်ရှုပါ။
 


Follow us on