1. Home
  2. Movie Stars - Celebrity

“အယူတော်မင်္ဂလာ” ဇာတ်ကားအမည် ဆင်ဆာငြိနေဟု ကန်တော့ပွဲအပြီး ရုပ်ရှင်အစည်းရုံးအကြောင်းကြား

Movie Stars - Celebrity ต.ค. 27, 2559 view 1,554
ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူမည့် “အယူတော်မင်္ဂလာ” ဇာတ်ကားအတွက် ကန်တော့ပေးပွဲအခမ်းအနားကို အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ကန်တော့ပေးပွဲအခမ်းအနားအပြီးတွင် ရုပ်ရှင်အစည်းအရုံးမှ ဖုန်းဆက်ပြီး “အယူတော်မင်္ဂလာ” ဟူသော ဇာတ်ကားအမည်မှာ ဆင်ဆာနှင့်ညိစွန်းနေသောကြောင့် ဇာတ်ကားအမည် ပြောင်းချင်ပြောင်းရနိုင်သည်ဟု အကြောင်းကြားခဲ့ကြောင်း ဒါရိုက်တာညိုမင်းလွင်က သတင်းမီဒီယာများကို အသိပေးပြောကြားခဲ့ပါတယ်။
 
ဇာတ်ကားအမည်နှင့်ပက်သက်၍ မည်သည့်အချက်က မည်သည့်နေရာတွင် မလွတ်မကင်းဖြစ်နေသည်ကို သူ့အနေနှင့် စဉ်းစားမရကြောင်းပြောဆိုခဲ့ပြီး အကယ်၍ ဇာတ်ကားအမည် ပြောင်းလဲမှုဖြစ်ခဲ့ပါက ပရိသတ်များအားလုံးက နားလည်ပေးကြပါရန် ကြိုတင်၍ တောင်းပန်ခဲ့ပါတယ်။
 
“အယူတော်မင်္ဂလာ” ဇာတ်ကားကို Novel ထုတ်လုပ်ရေးမှ ရိုက်ကူးထုတ်လုပ်ပြီး ရန်အောင်၊ မြင့်မြတ်၊ ခင်လှိုင်၊ ငြိမ်းချမ်းကျော်၊ နေဝင်း၊ Snare၊ ရဲရင့်သွေး၊ နန်းဆုဦး၊ ပိုးအိအိခန့်၊ သက်ထားဝေဇင်တို့ ပါဝင်သရုပ်ဆောင်ထားကြသည်။ အဆိုပါဇာတ်ကားသည် Novel ရုပ်ရှင်ထုတ်လုပ်ရေး၏ ပွဲဦးထွက်ဇာတ်ကားလည်းဖြစ်ကြောင်း သိရှိရသည်။
 
Ref:မြစ်မခ
Video:7Daytv


Follow us on