1. Home
  2. Movie Stars - Celebrity

ခိုးကူးတွေကြောင့် ထုတ်လုပ်ရေးကို နားလိုက်တဲ့ ရဝေအောင်

Movie Stars - Celebrity ต.ค. 27, 2559 view 2,158

အရင်တုန်းက ရွှေလက်စစ်ဆိုတဲ့ဗီဒီယို ထုတ်လုပ်ရေး တစ်ခုကို ထူထောင်ထားတဲ့ ရဝေအောင်က အခု အချိန် မှာတော့ ဗီဒီယိုဈေးကွက် ပျက်နေတာမို့ ထုတ်လုပ်ရေး ဘက်မှာ အလုပ်မလုပ်ဖြစ်သေးဘူးလို့ ပြောထားပါတယ်။

ခုနောက်ပိုင်း ဗီဒီယိုဈေးကွက်မှာခိုးကူးတွေ ဖြစ်လာတဲ့ အတွက် ထုတ်လုပ်ရေးကိုနားထားပြီး ရိုက်ကူးချင်တဲ့ ဇာတ်ကားတွေ တွေ့ရင်တော့ ၀ယ်ထားမိပါတယ် ဘယ်တော့ ပြန်လုပ်ဖြစ်မလဲဆိုတာတော့ ပြောလို့ တော့မရသေးဘူးလို့ ပြောထားပါတယ်။

"အစ်ကိုတို့ဆိုရင် မော်ဒယ်ကနေ သရုပ်ဆောင် ဗီစီဒီရိုက်ကူးလာပြီး အနုပညာ လောကကို ရောက်ရှိလာတာ။ မော်ဒယ်ကနေမှ Cat Walk လျှောက်ရပြီး ကြော်ငြာ မှတစ်ဆင့် ဗီစီဒီရိုက်ကူးရတယ်။ ဒီဘက်ခေတ် ကလေးတွေက ပိုပြီးအခွင့်အလမ်းတွေရလာတယ်။ အနုပညာလှုပ်ရှားမှုက ပိုကောင်းလာမယ်လို့ ထင်တယ်။ ဒါပေမဲ့ လူက ပိုများတော့ ပိုပြီးကြိုးစားရမယ်" လို့ တက်သစ်စလေးတွေကို ပြောပြထားခဲ့ပါတယ်။

Credit:popular 



Follow us on