1. Home
  2. Special or Others

မိတ်ကပ်ဆံပင်ပြုပြင်လိုက်တာကြောင့် ပိုဖြောင့်သွားတဲ့ အဖျော်ဆရာမှ မော်ဒယ်ဖြစ်လာသူ

Special or Others ต.ค. 27, 2559 view 1,613
ဓါတ်ပုံဆရာမ ဂျာအလီ အမှတ်မထင်ရိုက်ကူးခဲ့တဲ့ ပါကစ္စတန်နိုင်ငံ၊ အစ်စလန်ဘတ် ဈေးတန်းတစ်ခုထဲက လက်ဖက်ရည်ဖျော်နေတဲ့ မျက်လုံးပြာပြာနဲ့ ကောင်လေး(အာရှတ်ခန်း)ရဲ့ ဓါတ်ပုံဟာ အွန်လိုင်းဓါတ်ပုံစာမျက်နှာပေါ်ကနေတစ်ဆင့် တစ်မုခြင်းမဟုတ်ပျံ့နှံ့သွားခဲ့ပြီး မော်ဒယ်အေဂျင်စီတစ်ခုက စာချုပ်ချုပ်လိုက်လို့ နေ့ချင်းညချင်း နာမည်ကြီးသွားခဲ့သူဖြစ်ပါတယ်။
 
 
အာရှတ်ခန်းဟာ မော်ဒယ်မဖြစ်ခင် လက်ဖက်ရည်မရောင်းခင် အရင်တုန်းက သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို လက်တွန်းလှည်းလေးနဲ့ ဈေးထဲမှာရောင်းချခဲ့ရတဲ့ တစ်နေ့လုပ်တစ်နေ့စားဘဝ ဖြစ်ခဲ့ပါတယ်။ သူဟာ ကျောင်းတက်ချင်ပေမယ့် မိသားစုက အလွန်ဆင်းရဲတာကြောင့် ပညာမသင်ခဲ့ရသူပါ။
သူဖျော်ရောင်းခဲ့တဲ့ လက်ဖက်ရည်ဟာ တစ်ခွက်ကို ရူပီး ၂၀ ပဲတန်တဲ့ ခပ်ပေါပေါ လက်ဖက်ရည်ဖြစ်ပြီး ဒီနေ့ ဈေးကြီးတဲ့ လက်ဖက်ရည်ကို သူသောက်နေရတာဟာ သူ့ဘဝရဲ့ တစ်ကယ့်အပြောင်းအလဲကြီးပဲလို့ ဆိုပါတယ်။
 
 
အာရှတ်ခန်းကို မိတ်ကပ် ဆံပင်ပြုပြင်ပေးပြီးနောက် မင်္ဂလာဆောင်အခမ်းအနား မော်ဒယ်အဖြစ် ဓါတ်ပုံစတူဒီယိုထဲမှာ ရိုက်ကူးခဲ့ရာမှာတော့ တစ်ကယ်ကို ရုပ်ပိုပြီးထွက်လာတဲ့ မော်ဒယ်တစ်ဦး ဖြစ်လာခဲ့တယ်။
 


Follow us on