1. Home
  2. Myanmar News

တံတားဖြူမှတ်တိုင်အနီး ယာဉ်မတော်တဆမှုကြောင့် အဖွားအိုလေကာမှန်မှ လွင်ကျပြီး ကားကျိတ်ခံရ

Myanmar News ต.ค. 28, 2559 view 1,584
အောက်တိုဘာလ ၂၈ ရက် (ယနေ့) နံနက် ၆ နာရီခန့်အချိန်တွင် မ.ထ.သ ယာဉ် လိုင်းကားနှစ်စင်း လုယက်ကျော်တက်ရာမှ ယာဉ်မတော်တဆမှုဖြစ်ပွားကာ ခရီးသည်သေဆုံးမှုရှိနေကြောင်း ကနဦးသတင်းများရရှိသည်။ 
 
ဖြစ်စဉ်မှာ တောင်မြောက်လမ်းဆုံအလွန် တံတားဖြူမှတ်တိုင် ဂတ်စ်ဆိုင်အနီးတွင် ဘီအမ်ဟီးနိုး ခရီးသည် တင်လိုင်းကားမှ အခြား ခရီးသည်တင်လိုင်းကားတစ်စီးအား အရှိန်ဖြင့်ကျော်တက်ရန်ကြိုးစားရာမှ ယာဉ်မတော်တဆမှုဖြစ်ကာ ကားပေါ်တွင်ပါလာသည့် အဘွားအိုတစ်ဦးမှာ ကားအရှေ့လေကာမှန်မှ ကျွံထွက်ကျသွားပြီးနောက် အဆိုပါ ဘီအမ်ယာဉ်နှင့် ပြန်လည်ကျိတ်မိကာ နေရာတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။
 
 
အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍ တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ်(၁)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီမှ မ.ထ.သ ၏ဥပဒေစိုးမိုးရေး ပြည်သူများ၏အသက်အိုးအိမ်စည်စိမ်ခြိမ်းခြောက်နေမှုများကို ယနေ့ လွှတ်တော်တွင် ဆွေးနွေးတင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
Ref:ကိုညီညီ
 


Follow us on