1. Home
  2. Myanmar News

စိတ်ဝေဒနာရှင် ကလေးငယ်ကို ဆိုင်ကယ်ကယ်ရီသမားက သားမယားပြုကျင့်

Myanmar News ต.ค. 28, 2559 view 1,594
စိတ်ဝေဒနာခံစားနေရသဖြင့် သော့ခတ်ထားရသော ၁၄ နှစ်အရွယ် သမီးငယ်ကို ဆိုင်ကယ်ကယ်ရီမောင်းသူက သားမယားပြုကျင့်ခဲ့ကြောင် တိုင်တန်းမှု အောက်တိုဘာလ ၂၂ ရက်နေ့က ရန်ကုန်တိုင်း မှော်ဘီမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
 
စိတ်ဝေဒနာရှင် သမီးငယ်အား အိမ်ရှေ့ကွပ်ပျစ်၌ သော့ခတ်ကာ သိပ်ထားခဲ့ပြီး ည ၁၂ နာရီအချိန်ခန့်တွင် မိခင်ဖြစ်သူ(၃၅ နှစ်) က အိပ်ယာမှ လန့်နိုးခဲ့ပြီး သမီးဖြစ်သူ ပျောက်ဆုံးနေကြောင်းတွေ့ရှိရသည်။ ခင်ပွန်းဖြစ်သူနှင့်အတူ လိုက်လံရှာဖွေခဲ့ရာ နံနက် ၆ နာရီခန့်တွင် ကျိုက်ကလဲ့ဘုရားအနီး၌ ဆိုင်ကယ်ကယ်ရီမောင်းသူ မျိုးကိုကို (၂၇ နှစ်) နှင့်အတူ ပြန်လည် တွေ့ရှိခဲ့သည်။
 
သမီးဖြစ်သူအား အကြောင်းစုံမေးမြန်ရာ သူမနေအိမ်မှ ထွက်သွားပြီးနောက် အမည်မသိ အမျိုးသား နှစ်ဦးက ဆိုင်ကယ်ဖြင့် တင်ခေါ်သွားကာ ထောက်ကြန့်မောင်းတံဂိတ်နားတွင် ချထားခဲ့ကြောင်း၊ မျိုးကိုကို ဆိုင်ကယ်နှင့် တွေ့ရှိပြီး ပြန်လည်လိုက်ပါခဲ့ကြောင်း၊ မျိုးကိုကိုက အရက်တိုက်ခဲ့ပြီးနောက်
သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း သိရှိခဲ့ရသဖြင့် အရေးယူပေးပါရန်  မှော်ဘီမြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည့်အတွက် (ပ)၁၀၂၃/၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
 
Credit:တိုးဝေအောင်
 


Follow us on