1. Home
  2. Myanmar News

ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် ထူးချွန်ဆုရခဲ့သော မြန်မာပြည်ဖွား ဒါရိုက်တာချောင်းတေးရင်

Myanmar News ต.ค. 28, 2559 view 1,528
မကြာသေးမီကမှ ရုံတင်ခဲ့တဲ့ The Road to Mandalay ရုပ်ရှင်ဇာတ်ကားဟာ ၇၃ ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ Fedeora Award ဆုရခဲ့ပါတယ်။ 
ဒီရုပ်ရှင်ဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်သူ ချောင်းတေးရင်(Chao Te-Yin) က မြန်မာပြည်ဖွား တရုတ်နိုင်ငံသားတဦး ဖြစ်ပါတယ်။ သူ့ကို လားရှိုးမြို့မှာ ၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးချင်း ၅ ယောက်မှာ အငယ်ဆုံးသားတဦးဖြစ်ပါတယ်။ 
 
သူဟာ ငယ်စဉ်က ဆင်းရဲပင်ပန်းစွာ ရှင်သန်ခဲ့ရပြီး သူ့အသက် ၁၆ နှစ်အရွယ် တော့ ပညာသင်ဆုတခုနဲ့ ထိုင်ဝမ်ကို ထွက်ခွာသွားခဲ့ကာ ပညာဆက်သင်ကြားခဲ့တာပါ။ ချောင်းတေးရင်(Chao Te-Yin)ဟာ ထိုင်ဝမ်အမျိုးသားသိပ္ပံနဲ့ နည်းပညာတက္က သိုလ်ကနေ ဒီဇိုင်းအထူးပြုဘာသာရပ်နဲ့ မဟာဘွဲ့ရရှိခဲ့ပါတယ်။
 
၂၀၁၁ ခုနှစ်မှာတော့ ထိုင်ဝမ်နိုင်ငံသားအဖြစ်ခံယူခဲ့ပြီး မှတ်တမ်းရုပ်ရှင်နဲ့ တခြားရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့ပါတယ်။
မြန်မာပြည်ဖွားပီပီ မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ပုံဖော်ရိုက် ကူးခဲ့တဲ့ သူ့ရဲ့ ရုပ်ရှင်ကားတွေဟာ ထင်ရှားခဲ့ပါတယ်။
 
 
The Road to Mandalay ရုပ်ရှင်ထဲမှာတော့ မန္တလေးကနေ ဘန်ကောက်ကို ရွှေ့ပြောင်းလုပ်သားအဖြစ်အလုပ်သွားလုပ်တဲ့ လူငယ်နှစ်ယောက်ရဲ့ ဘဝကို ပုံဖော်ထား တာဖြစ်ပြီး အခက်အခဲတွေကြားကနေ မိမိမွေးရပ်မြေဆီပြန်ဖို့ ကြိုးစားနေတဲ့ လူငယ်နှစ်ယောက်အဖြစ် ပုံဖော်ထားတာကို တွေ့ရမှာပါ။
 
ဒီဇာတ်ကားဟာ ထိုင်ဝမ်နိုင်ငံရဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင် ဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆု၊ အကောင်းဆုံး ဇာတ်ဆောင်မင်းသမီးဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံး အနုပညာဖန်တီးမှုဆုတွေ ရရှိခဲ့တာပါ။
 
Return to Burma(2011), Poor Folk(2012), Ice Poison(2014), Jade Miners(2015), City of Jade(2016) တို့ဟာ ချောင်းတေးရင်(Chao Te-Yin) ရိုက်ကူးခဲ့တဲ့ ထင်ရှားတဲ့ ရုပ်ရှင်ဇာတ်ကားများပဲ ဖြစ်ပါတယ်။
 
Credit:dvb


Follow us on