1. Home
  2. Special or Others

ကမ္ဘာ့အကြီးဆုံးမြွေဟောက်တွေကို ကိုယ်အပေါ်ပိုင်းဗလာနဲ့ ဖမ်းပြနေသူ

Special or Others ต.ค. 28, 2559 view 1,694
လူတွေနဲ့အနီးအပါးမှာ ရှိနေတတ်တဲ့ တွားသွားသတ္တဝါတွေထဲမှာ အန္တရာယ်အရှိဆုံးသတ္တဝါကို ပြပါဆိုရင် မြွေကို လက်ညိုးထိုးဖြစ်လိမ့်မယ်ထင်ပါတယ်။ မြွေတွေထဲမှာမှ မြွေဟောက်ဟာ အဆိပ်အပြင်းဆုံးစာရင်းထဲမှာ ထိတ်ဆုံးနားက ပါဝင်ပါတယ်။ ရန်မူတော့မယ့်ဟန်နဲ့ ပါးပျဉ်းထောင်လိုက်တဲ့အခါ တော်ရုံတန်ရုံလူ ခြေမကိုင်မိလက်မကိုင်မိပဲ လန့်ဖျတ်သွားမှာ အမှန်ပါပဲ..။
 
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံရဲ့ တောနက်ထဲမှာသာ ရှိတတ်ပြီး အရှည် ၁၈ ဒသမ ၅ ပေ ကနေ ၁၈ ဒသမ ၈ ပေ ထိရှိလို့ ကမ္ဘာ့အရှည်လျားဆုံး အဆိပ်ပြင်းမြွေစာရင်းမှာ ထည့်ထားရတဲ့ မြွေဟောက်တွေကို မွေးမြူရေးခြံလို့ ယူဆရတဲ့ နေရာတစ်ခုမှာ လက်အိတ်မပါအပေါ်ပိုင်းဗလာကျင်းနဲ့ ရာနဲ့ချီတဲ့ မြွေဟောက်အထွေးလိုက်ကြီးတွေကို လက်နဲ့ဖမ်းယူနေတဲ့ ဗီဒီယိုက အလွန်အသည်းယားစရာကောင်းလှပါတယ်။ 
အဆိုပါ ဗီဒီယိုကို အောက်တိုဘာလ ၂၇ ရက်နေ့က တင်ခဲ့တာဖြစ်ပြီး ဝင်ရောက်ကြည့်ရှုသူများ များပြားလျက်ရှိပါတယ်။  
 


Follow us on