1. Home
  2. Myanmar News

တာမွေမြို့နယ် ၆ လွှာတိုက်ခန်းမှ ခုန်ချခဲ့တဲ့ စိတ်မကျန်းမာသူ အမျိုးသမီး

Myanmar News ต.ค. 31, 2559 view 1,569
အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၇ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက်ရှိ လူနေအိမ်ခန်း (၆) လွှာတိုက်ပေါ်မှ အသက် (၂၅) နှစ်အရွယ်ခန့်ရှိသော စိတ်ကျန်းမာရေး မကောင်းသူအမျိုးသမီးတစ်ဦး ခုန်ချမှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
 
 
အဆိုပါဖြစ်ရပ်အား ရဲဌါနအရေးပေါ်ဖုန်းနံပါတ် ၁၉၉ အားခေါ်ဆို သတင်းပေးတိုင်ကြာခဲ့မှုကြောင့်တာမွေမြို့မရဲစခန်း တပ်ဖွဲ့ဝင်များမှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ တိုက်ပေါ်မှခုန်ချသူအမျိုးသမီးမှာ ဒဏ်ရာများရရှိပြီး သတိလစ်နေသဖြင့် မိဘများမှ ရန်ကုန်ဆေးရုံကြီးသို့ မော်တော်ယာဉ်ဖြင့် ခေါ်ဆောင်သွားကြောင်းသိရှိရသည်။ ရဲတပ်ဖွဲ့ဝင်များက ရန်ကုန်ဆေးရုံကြီးသို့ ထပ်မံသွားရောက် မေးမြန်းစုံစမ်းခဲ့ရာ ၎င်းအမျိုးသမီးသည် စိတ်ဝေဒနာ ခံစားနေသူဖြစ်ပြီး အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံ၌ ဆေးကုသမှုခံယူနေရာမှ ၂၆ ရက်နေ့တွင် ဆေးရုံမှဆင်း၍ နေအိမ်သို့ပြန်လည်ရောက်ရှိခဲ့ပြီး ယင်းကဲ့သို့ စိတ်ဖောက်ပြန်၍ နေအိမ်ရှေ့ဝရမ်တာမှခုန်ချခဲ့ကြောင်း သိရှိရသည်။
 
(၆)လွှာအမြင့်မှ ခုန်ချခဲ့သဖြင့် နဖူး၊မေးစေ့စုတ်ပြဲ၊ ဝဲဘက်ပေါင်နှင့် ဝဲဒူးတို့တွင် ဖူးရောင်ပွန်းခြစ် ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်း 
သတင်းရရှိသည်။
 
 
Credit:YangonPolice


Follow us on