1. Home
  2. Movie Stars - Celebrity

စီးရီးသစ်ကို မွေးနေ့မှာ ဖြန့်ချိမယ့် တင်ဇာမော်

Movie Stars - Celebrity ต.ค. 31, 2559 view 1,657

တင်ဇာမော်ရဲ့ ခုနစ်ခွေမြောက် တစ်ကိုယ်တော် စီးရီးခွေကို မွေးနေ့မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ(၇)ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့မှာ ဖြန့်ချိသွားမှာလည်း ဖြစ်ပါတယ်။တေးစီးရီးခေါင်းစဉ်ကို "Seven"လို့ ယာယီပေးထားတဲ့ သူမရဲ့ အခွေမှာ သီချင်းစုစုပေါင်း (၁၀)ပုဒ်ပါဝင်မှာ ဖြစ်ပြီး အွန်လိုင်းမှာ ဖြန့်ချိပေးထားတဲ့ "ဧည့်သည်" သီချင်းနဲ့ "ကိုယ့်မွေးနေ့သီချင်း"များလည်း ပါဝင်တယ်လို့ သိရပါတယ်။

၂၀၁၃ကပြုလုပ်ခဲ့တဲ့ တစ်ကိုယ်တော်ပွဲမှာ တေးရေး မြင့်မိုးအောင် ရေးစပ်ပေးထားတဲ့ "အိမ်ပြန်ချိန်"သီချင်းကို ပြန်ထည့်ပေးထားသလို ပရိသတ်တောင်းဆိုမှု များတဲ့ စည်သူလွင်နဲ့ စုံတွဲဖျော်ဖြေခဲ့တဲ့ "ဘုံ"သီချင်းလည်း ပါဝင်မယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ Myanmar Idol အတွက် အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ပေးနေပြီး နိုဝင်ဘာလထဲမှာ အင်္ဂလန်သို့ ပြန်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Credit:Duwun



Follow us on