1. Home
  2. Movie Stars - Celebrity

အခွေထုတ်ရင် အရင်းပြန်ရဖို့ ခက်ခဲ့တယ်လို့ ပြောခဲ့တဲ့ ရတနာမိုင်

Movie Stars - Celebrity ต.ค. 31, 2559 view 1,715

အောက်တိုဘာ လ လဆန်းလောက်က သူသိစေ စီးရီးထွက်ထားတဲ့ မိုင်လေးဟာ လေးခွေမြောက်စီးရီးကို မူရင်းအခွေ တော်တော် များများရောင်းခဲ့ရပါတယ်။ စီးရီးမှာ သီချင်း 14 ပုဒ်နဲ Bonus 2 ပုဒ်လဲ ထည့်ပေးထားပါတယ် ။ သူသိစေ အခွေ ပရိုမိုးရှင်းကို ရန်ကုန်မှာ 3ပွဲ လုပ်ပြီး မန္တလေးမှာ တပွဲ ပြုလုပ်ထားပါတယ်။

“ ခုနောက်ပိုင်းတွေမှာခိုးကူး ဖမ်းဆီးရေးကိစ္စ တွေလည်းပိုတင်းကျပ်လာပြီဆိုတော့ မူရင်း ခွေလေးတွေပို ရောင်းရလာပါတယ်" လို့ မိုင်လေး ကပြောထားပါတယ်။

" ခုနောက်ပိုင်းတော့ သီချင်းတွေကို အွန်လိုင်း download link အဖြစ်ပိုတွေ့ ရတယ်။ ဒါကလည်း တစ်နည်းပြောရရင် အခွေဝယ်ဖို့ အဆင်မပြေနိုင်တဲ့နေရာ ဥပမာပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက်ဆိုအဆင်ပြေပါတယ်။ ညီမတို့အနေနဲ့ကတော့ ကိုယ့် သီချင်းတွေပရိသတ် နားထောင်ရင်ပဲကျေနပ် ပါတယ်။

အရင်ကတော့ အခွေထုတ်ရင် အရင်းပြန်ရဖို့ ခက်တာပေါ့။ ခုနောက်ပိုင်း တော့မူရင်းခွေလေးတွေ ပိုရောင်းလာရတဲ့ အတွက် အရင်ထက်စာရင်အဆင်ပြေလာပါတယ်" လို့ အဆိုတော် မိုင်လေး (ရတနာမိုင် ) က ပြောပြထားပါတယ်။

Credit:popular



Follow us on