1. Home
  2. Special or Others

လမ်းဘေးတွင် တောင်းရမ်းနေစဉ် အိမ်စာလုပ်နေသည့် ကလေး

Special or Others ต.ค. 31, 2559 view 1,573

-ကလေးအတော်များများအတွက် တော့ ကျောင်းပိတ်ရက်ဆိုတာ မိဘတွေနဲ့ အပြင်လျှောက်သွား ဒါမှမဟုတ် သူငယ် ချင်းတွေနဲ့ ကစားရတဲ့ ပျော်စရာအချိန်ပါ။

-ဒါပေမဲ့ တရုတ်နိုင်ငံက ဂျီဟောင်ဟောင် အတွက်တော့ အဲဒီလို မဟုတ်ပါဘူး။ သူ့အတွက်တော့ စနေ၊ တနင်္ဂနွေဆိုတာ မရှိပါဘူး။ သူဟာ လမ်းဘေးတစ်နေရာမှာ သူ့အဖေနဲ့အတူ တောင်းရမ်းနေရပါတယ်။

-အင်မတန်မှလေထန်လှတဲ့ အောက်တို ဘာလရက်တစ်ရက်မှာ ခြောက်နှစ်အရွယ် မိန်းကလေးက တောင်းရမ်းရင်း စောင်ခြုံ ပြီး အိမ်စာလုပ်နေပါတယ်။ဒီပုံလေးတွေက လင်နီမြို့က လမ်းမတစ်နေရာမှာရိုက်ထားဖြစ်ပါတယ်။

သူ့ဘေးမှာကတော့ ဓာတ်တိုင်မီးကိုမှီပြီး ဖြတ်သွားဖြတ်လာသူတွေဆီကနေ ပိုက်ဆံ တောင်းနေတဲ့ လူကြီးတစ်ယောက်ကို တွေ့ဖြစ်ပါတယ်။ဂျီဟောင်ဟောင်ဟာ ကျောင်းတစ်ကျောင်းမှာ ပထမတန်းတက်နေတဲ့ ကလေး လေးဖြစ်ပါတယ်။ကျောင်းပိတ်ရက်တွေမှာ အဖေနဲ့ ပိုက်ဆံထွက်တောင်းရကြောင့် ကျောင်းပိတ်ရက်တွေကို မကြိုက်ဘူးလို့ သူကပြောပါတယ်။သူက စာလုပ်ရတာကို အရမ်းသဘောကျပါတယ်၊သူ့ကိုကြည့်ပြီး ဖြတ်သွားဖြတ်လာတချို့က နွားနို့ပူပူ၊ မုန့်ပူပူလေး ဝယ်ကျွေးကြပါတယ်။အသက်မွေးဝမ်းကျောင်းအတွက် ဘာမှမလုပ်တတ်တာကြောင့် တောင်းစားနေရတာလို့ ကလေးမရဲ့ အဖေက ပြောပါတယ်။ဂျီဟောင်ဟောင်ဟာ ကျောင်းမှာလည်း စာတော်တယ်လို့ ကျောင်းကဆရာမတွေပြောပါတယ်။

 



Follow us on